Unicode
နံနက်နိုးလာပြီဆိုသည်နှင့် ကိုးလ်ရဲ့ဆည်းလည်းသံလေးနှစ်ယောက်၏ ရယ်သံလွင်လွင်နှင့် တီတီတာတာ စကားများကြားနေရ၏။ ကလေးများက ပြေသုဇေးလ်နှင့် ရင်းနှီးလာသောကြောင့် နံနက်အစောကြီး စံအိမ်သို့ ပြေးလာတတ်သည်။
"တိုတို ယူဇိုး..."
"ခစ်ခစ်...နီနီယေး... ရိုက်မျယ်နော်"
ခြေသံလေးတွေ စံအိမ်လှေကားထစ်အတိုင်း ကြားပြီဆိုသည်နှင့် ခုတင်ပေါ်ကဆင်းပြီး တံခါးဖွင့်ပေးရတော့၏။ မဟုတ်လျှင် တံခါးမဖွင့်မချင်း နှစ်ယောက်သား တဒုန်းဒုန်းနှင့် ထုထောင်းနေမှာ သေချာသည်။
"Morning ပုစိကလေးတွေ"
"မောမော နင်းနင်း ဖိုးဖိုးကြီး"
"နင်းနင်း"
သူ့ကိုနူတ်ဆက်သည်နှင့် ငလည်သား နှစ်ယောက်က ပြေသုဇေးလ်ရှိသည့် မွေ့ယာထက်သို့ ပြေးတက်လာကြတော့၏။ ထိုအချိန်တွင် ဘာပြောပြော ငလည်နှစ်ယောက်က သူ့ကိုဂရုစိုက်မည်မဟုတ်။ ဇေးလ်ကို အရမ်းချစ်ကြသည့် ကလေးနှစ်ယောက်ပင်။
တစ်နေကုန်အတူဆော့ပြီး နံနက်ရောက်တော့လည်း အစောကြီးရောက်လာတတ်၏။ သူ့မှာ ဇေးလ်နှင့်အတူနေချိန်ဆိုလို့ ညအိပ်သည့်အချိန်သာ ရ၏။ ဒါတောင် ငလည်နှစ်ကောင်က အတူလိုက်အိပ်မည်ဟု တကဲကဲလုပ်၍ ခြိမ်းခြောက်လိုက်ရသည်။
"ဇံမြန်းရာနဲ့ ခိုကိုးလ်ရာ ကိုကိုလေးကို မနိုးရဘူးလေ။ ညကအိပ်ရေးပျက်ထားတယ်"
"တားတားက မနိုးပါဝူး ချော့ချင်ရို့...။ တိုတိုယေး ထထ ချော့မျယ်"
ဇေးလ်ရဲ့အနားတွင် ထိုင်ပြီး ညီအစ်ကိုနှစ်ယောက် နိုးလိုက်၏။ ဇေးလ်ကလည်း မျက်လုံးပွတ်ကာ လူးလွန့်ပြီး ထလာခဲ့သည်။ ငလည်လေးနှစ်ယောက်ကို မြင်သည်နှင့် ပွေ့ချီကာ နမ်းရှုံ့လိုက်သောကြောင့် ဘေးတွင်ရပ်နေသည့်သူက အူတိုချင်လာ၏။
"ကဲ...ကလေးတွေ အောက်ဆင်းလာ ဖိုးဖိုးကြီးနဲ့ ကိုကိုလေး ရေချိုးခန်းဝင်ဦးမယ်နော်"
ဇေးလ်ရဲ့လက်ကိုဆွဲပြီး ရေချိုးခန်းထဲဝင်သွားတော့ မျက်လုံးပြူးပြူးနှင့် ကြောင်ကြည့်နေသော အမွှာနှစ်ယောက်က ခုတင်ထက်တွင် ကျန်နေခဲ့တော့၏။
YOU ARE READING
တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]