"မင်းဘယ်သွားအိပ်မလဲ"
ခေါင်းအုံးယူ၍ ထွက်သွားရန်ပြင်နေသော သူ့ကိုကြည့်ပြီး အတ္တမေးလိုက်သည်။ အခန်းကသိပ်မကျယ်သော်လည်း လူနှစ်ယောက်အိပ်ရန်အတော်ဖြစ်နေသည်။ ထို့ကြောင့် ပိုနေသောခေါင်းအုံးလေးနှင့် စောင်အားယူကာ အခန်းပြင်ထွက်လာရန်လုပ်နေသည်။
"အပြင်သွားအိပ်မလို့... "
"နေ...နေပါဦး ခင်ဗျားအိမ်ကသရဲမရှိလောက်ပါဘူးနော်"
ဗလကိုမှအားမနာ မေးတတ်လွန်းသောအတ္တကိုကြည့်၍ ရယ်ချင်စိတ်ကိုမနည်းထိန်းထားလိုက်သည်။ ပြီးနောက် မျက်နှာလေးကိုခပ်တည်တည်ပြန်ထားပြီး ခေါင်းအုံးပွေ့ကာ...
"သရဲလား...ရှိလားမရှိလားတော့မသိဘူး။ ဒါပေမယ့် ဒီအိမ်ကဝန်ထမ်းအိမ်ရာလေ။ လွန်ခဲ့တဲ့နှစ်ကကျောင်းသူတစ်ယောက် ကြိုးဆွဲချသေတာ"
"ဟေ... ဒီအခန်းလား"
အတ္တနောင်မှူးက သူ့စကားကြောင့် နာနေသောခြေထောက်ကို ဂရုမစိုက်ဘဲ ရုတ်တရက်ထလာကာ သူ့အနားထော့နင်းထော့နင်းနှင့် ပြေးလာတော့၏။
"ဒီအခန်းပဲ မင်းအိပ်နေတဲ့နေရာမှာ"
"တ..တကယ်ကြီး"
"ဖယ်စမ်းပါ...ဘာလို့လဲ...ငါ့ကိုကြိုက်နေတာလား"
"ကြိုက်...ကြိုက်စရာလား သရဲကြောက်လို့"
အတ္တနောင်မှူးကို မထင်ထားသောပုံစံဖြင့် တွေ့လိုက်သောကြောင့် သူကျေနပ်ကြီးကျေနပ်နေတော့သည်။ အမှန်က ဒီအိမ်မှာသူငယ်ငယ် ကတည်းကနေလာခဲ့တာ။ အတ္တနောင်မှူးကိုတမင်ခြောက်နေခြင်းသာ။ သရဲရှိမည်လား။ အောင်ပန်းမြို့ရှိ ဒီအိမ်လေးကသူ့အတွက် အလှပဆုံးအိမ်လေးသာ။
"သားတို့ မအိပ်သေးဘူးလား။ ခရီးပန်းနေကြတယ်မလား အနားယူတော့"
ဧည့်ခန်းစာကြည့်ခုံတွင် စာထိုင်စစ်နေသော အဖေဖြစ်သူက လှမ်းပြောသည့်အခါမှ သူလည်းအတ္တနောင်မှူးရဲ့လက်ကိုဆွဲဖြုတ်၍ အပြင်ထွက်ရန်ပြင်သည်။ သို့သော်လည်း အတ္တနောင်မှူးက ခေါင်းယမ်းပြကာသူ့အင်္ကျီစကို ဆွဲလိုက်သည်။
"ဘာဖြစ်နေတာလဲ...မင်းအိပ်သင့်ပြီ"
"ခင်ဗျား.ကျုပ်နဲ့ပဲအိပ်ရမယ်"
YOU ARE READING
တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]