မှိုင်းညို့ပြာပြာ တောင်တန်းရှိရာဆီသို့မျက်နှာမူပြီး သူအတော်လေးကို ငြိမ်သက်နေလေ၏။
"အတ္တ ဘာငိုင်နေတာလဲ ဆွဲလေ"
"...................."
ကျော့ကွင်းထောင်နေရင်းမှ အတ္တနောင်မှူးတစ်ယောက် ကျောက်ဆောင်အနားတွင်ထိုင်ကာ ပိုက်ကွင်းဆွဲရင်း ငြိမ်နေ၏။ ဝါသနာအပါဆုံးအမဲလိုက်သည့်အလုပ်တောင် ယခုရက်ပိုင်းစိတ်မပါသလို။ လုပ်သမျှအရာအားလုံးမလုပ်ချင်တော့။ မိဘများနှင့်လည်း စကားသိပ်မပြောဘဲ တတ်နိုင်သလောက်ရှောင်ခဲ့သည်။
အထူးသဖြင့် မေဇင်မူနှင့်မဆုံရလေအောင် အမြဲလိုလိုထွက်ပြေးခဲ့ရ၏။ ချွဲပျစ်နေသော သူမရဲ့စကားနှင့် အမူအရာများကြောင့် သူကြည့်မရခဲ့။ ဆုံလိုက်လျှင်လည်း ကိုကိုနှင့်နူတ်ဖျားကမချပဲ အတင်းလိုက်ကပ်သည်။
"အတ္တ... ဆွဲပါဆို ဒီရက် ဒါလုပ်လို့ပြီးဦးမှာလား"
"မပြီးလည်း မလုပ်နဲ့တော့"
"ဟ... ဘာဖြစ်နေတာလဲ။ တစ်နေ့လုံးလုပ်ပြီး ပြီးခါနီးမှရပ်ခိုင်းနေတာလား"
"ကဲဟာ... လုပ်ဆိုလည်းလုပ်မယ်။ ဆွဲဆွဲ"
ခေါင်းတဗျင်းဗျင်းကုတ်၍ ပိုက်ကွင်းအား ဆွဲယူလိုက်တော့သည်။ အညိုရောင်မျက်ဝန်းလေးက စူးရှနေ၍ စိတ်ရှုပ်နေသော အငွေ့အသက်တို့က နေရာယူထား၏။
"အတ္တ မင်းအခုတလော အဆင်ရောပြေရဲ့လာ"
"ပြေနေတဲ့ပုံ ပေါက်နေလို့လာ"
"တိမ်ပြယ်နဲ့ ရန်မဖြစ်ရလို့ မင်းပျော်ပျော်နေသင့်တယ်"
"ငါက သူနဲ့ပဲရန်ဖြစ်ချင်တာ"
"ဟေ... မင်းဟာကလည်းကွာ"
သူ့ကိုအင်တင်တင်ပြောနေသော ခု့လုံးအား အမြင်မကြည်သလို စိတ်ရှုပ်စွာ ခေါင်းကုတ်လိုက်တော့သည်။
"အင်း... "
ယောင်နနဖြင့် အင်းတစ်ခွန်းသာသူဖြေလိုက်သည်။ အခုထိ တိမ်ပြယ့်ရဲ့ပုံရိပ်များက သူ့အတွေးထဲက ပျောက်ကွယ်မသွားသေးတာအမှန်ပင်။ ညညဆိုလျှင် ခြံထဲသွားအိပ်သည့်ကိုကို့ကို ပြတင်းပေါက်အကွယ်က သူခိုးငေးရတာအမော။ အပြင်ပန်းတွင် အရင်ကထက် သူတိတ်ဆိတ်သွားသည်။
YOU ARE READING
တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]