[Unicode]
မိုးများက သည်းသည်းမဲမဲကြီး ရွာချနေသည်။ မိုးစက်ကျသံကြောင့် သူနိုးလာခဲ့၍ ခေါင်းထဲတွင် နှောက်ကျိကျိနှင့် အုံခဲနေ၏။
"အင့်!"
နာရီကြည့်ပြီး ထရန်ပြင်သည့်အခါ ရင်ခွင်ထဲက ခပ်နွေးနွေးဖြင့် အနွေးဓာတ်ရှိနေသော ကောင်လေးကြောင့် သူလန့်သွား၏။ ခန္ဓာကိုယ်အား ပြန်ကြည့်တော့လည်း နှစ်ယောက်လုံးက အဝတ်ဗလာဖြစ်နေသည်။ ထိုအခါမှ ညကအဖြစ်အပျက်များ ရိပ်ခနဲ ရိပ်ခနဲခေါင်းထဲပြန်ပေါ်လာ၏။
"ငါဘာတွေ လုပ်နေတာလဲ"
ကိုယ့်ကိုယ်ပြန်စမ်းကြည့်မိရင်း ကိုယ့်ကိုယ်နားမလည်ဖြစ်လာသည်။ တစ်ချက်လှုပ်မိတိုင်း မျက်နှာရှူံ့မဲ့ကာ ပြန်အိပ်ပျော်သွားသော ချာတိတ်ကြောင့် သူလည်းနာရီကြည့်ကာ ငြိမ်ငြိမ်ကလေးပြန်လှဲအိပ်ပေးလိုက်၏။
နံနက် ၄နာရီခွဲသာ ရှိသေးသောကြောင့် သူ့လက်မောင်းထက်၌ အိပ်စက်နေသော ကောင်လေးရဲ့မျက်နှာကို အချိန်ကြာနေအောင် ငေးကြည့်မိ၍ အတွေးများစွာဖြင့် ပြန်အိပ်ပျော်သွား၏။အပြင်တွင် သည်းကြီးမည်းကြီးရွာနေသော မိုးကြောင့် အိပ်စက်ရသည်မှာ အလွန်နှစ်ခြိုက်သည်။
"အင့်! ဟင့်"
ညည်းသံသဲ့သဲ့ကြောင့် သူအိပ်ရာက လန့်နိုးလာသည်။ကောင်လေးက တစ်ကိုယ်လုံးကျစ်ကျစ်တောက်ပူနေ၏။ နာရီကြည့်လိုက်တော့ နံနက်၆နာရီရှိလေပြီ။ သူတစ်ရေးလောက် အိပ်ပျော်သွားခဲ့သည်။ ကောင်လေးက ဘယ်အချိန်ကတည်းက ဖျားနေမှန်းမသိ။
"မင်းကတော့ ဒုက္ခပဲ"
သူက အမြန်ထလာ၍ အဝတ်အမြန်ဝတ်ကာ အဝတ်ဗွရို၌ သူ့အဝတ်တစ်စုံထုတ်ယူလာခဲ့သည်။ ထို့နောက် ကောင်လေးအားဝတ်ဆင်ပေး၍ ပွေ့ချီလိုက်၏။
ကောင်လေးကတော့ သတိရတစ်ချက်၊ မရတစ်ချက်နှင့် ရုန်းနေ၏။
"မင်းဘာဖြစ်နေတာလဲ... ဆေးရုံသွားမယ်"
"ဟင့်! အင်း.."
ကောင်လေးက ခေါင်းအတင်းယမ်း၍ သူ့ရင်ဘက်ကို တွန်းလေသည်။
"ဒီလောက် အဖျားတက်နေတာ ဆေးရုံသွားမှရမှာ"
"ဟင့်! မသွားချင်ဘူး၊ ကျေးဇူးပြုပြီး မပို့ပါနဲ့"
YOU ARE READING
တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]