Part-14

4.6K 512 335
                                    

••ငါတစ်​​ယောက်တည်းရှိနေတယ် ဒီမနက်ခင်းလေး။ မရည်ရွယ်ပဲရောက်လာ ဟိုအရင်ကအတိတ် ပထမဆုံး တို့နှစ်ယောက်ဆုံတဲ့နေ့။ စိတ်စိတ်ချင်း နားအလည်နိုင်ဆုံးနေ့ ကြင်နာသူရေ ရင်ခုန်စရာ•••

ဘုန်း!

"အတိတ်တွေ၊ ရင်ခုန်စရာတွေ နောက်ထား... ရော့ ရွာသူကြီးအိမ်သွားပို့"

အင်ကြင်းပင်အောက်တွင် ဂီတာဖြင့် သီချင်းညည်းနေတုန်း အရှေ့တွင် ပစ်ချလိုက်သော အထုပ်ကြောင့် ခံစားချက်များပင် ပျောက်ပြယ်သွားသည်။ မနေ့ညကကိစ္စကြောင့်တောင် ဒေါသအရှိန်မသေသေး။ မျက်နှာကြောတင်းတင်းဖြင့် သူ့အားမော့ကြည့်လိုက်တော့ နူတ်ခမ်းထက်ကဒဏ်ရာက လတ်လတ်ဆပ်ဆပ် တည်ရှိနေတုန်း။

"လန့်လိုက်တာ ဒီမှာသီချင်းဆိုနေတာ စောက်အလုံးမပါဘူးလား'"

"မျက်လုံးပါလို့ လာခဲ့တာ အိမ်မှာ ဘာအလုပ်မှမကူဘူး ဒါလေးသွားပို့ခိုင်းတာကို စောက်စကားကများနေသေး"

"ဟ...ကျုပ်နေချင်သလိုနေမယ် ဒါကျုပ်အိမ်!"

ဂျစ်ကန်ကန်လုပ်နေသော အတ္တနောင်မှူးကို သူအတော်ဒေါသထွက်လာသည်။ ထို့ကြောင့် အောက်ကျနေသော အိတ်ကိုကောက်ယူပြီး အတ္တအား ပစ်ပေါက်လိုက်သည်။

ဘုပ်!

သူ့ရင်ဘက်အား တည့်တည့်လာမှန်သော အိတ်ကြောင့် ဂီတာကိုပစ်ချပြီး တိမ်ပြယ်​ရဲ့အင်္ကျီစအား လှမ်းဆွဲ၍...

"ခင်ဗျားဘာလုပ်တာလဲ"

"အိတ်နဲ့ပစ်ပေါက်တာလေ.."

အတ္တနောင်မှူးနှင့်အတူ အပြိုင်ခေါင်းမော့ပြီး ပြန်စိန်ခေါ်လိုက်၏။

"မကျေနပ်ရင် လုပ်လိုက် မနေ့ညလို နှစ်ဆပြန်လုပ်ဖို့ ငါဝန်မလေးဘူးနော်"

အတ္တနောင်မှူးရဲ့ အင်္ကျီစကိုပြန်ဆွဲယူပြီး မျက်နှာကိုအရှေ့တိုးလာသည်။ နှစ်ယောက်တစ်ကမ္ဘာလို အကြည့်ချင်းဆုံ၍ ကြည်နူးနေသည်တော့ မဟုတ်ပေ။ သူကမုန်းတိုင်းဆိုလျှင် ကိုယ်ကလေ​ပွေ။ သူကချမည်ပြောလျှင် ကိုကကြိုးဝိုင်းထဲ ကြိုရောက်နှင့်သူ။

တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]Where stories live. Discover now