"ဖေ-ိုးမ... ငါ့ကိုရိုက်တယ်ဟုတ်လား"
တိမ်ပြယ်ရောင်စဥ်တစ်ယောက် ဘေးပတ်ပတ်လည်အနား ပြန်ရိုက်စရာတစ်ခုခုအားရှာနေ၍ နာနေသော လည်ပင်းအား အုပ်ထားလေသည်။
"ဟင်.... ဘာလို့ ခင်ဗျားလဲ"
"အခုမှ လာမေးမနေနဲ့...ငါမို့လို့ မင်းတမင်ချောင်းရိုက်တာမလား"
အရိုက်ခံရသူနှင့် ရိုက်သောသူနှစ်ယောက်လုံးက မျက်လုံးပြူးမျက်ဆံပြူးနှင့် အပြန်အလှန်ဒေါသထွက်နေကြ၏။ နံဘေးရှိ သူငယ်ချင်းများလည်း ခဏအံ့သြ၍ တိတ်ဆိတ်နေကြ၏။ အားလုံးထင်ထားသလို ဇေးလ်နှင့်ပတ်သက်သောသူ မဟုတ်ဘဲ တိမ်ပြယ်ရောင်စဥ် ဖြစ်နေသည်။
"အဟမ်း... ခင်ဗျား..ခင်ဗျားက ဘာလို့...ဘာလို့ ဇေးလ်နဲ့အတူရှိနေရတာလဲ"
"ဘာ!... ဇေးလ်နဲ့အတူရှိနေတာ ငါ့အပြစ်လား"
"အူးအူး အပစ်ဟုတ်ဝူး...ဟိုယူမိုက်..မိုက်"
ဇေးလ်ကိုယ်ပေါ်ရှိ တူတူးလေးက အတ္တနောင်မှူးအား မရဲတရဲလက်ညိုးထိုးပြီး ဆူပွပွပြောလေ၏။ သူကတော့ ကလေးကိုကြည့်၍ သွားကြိမ်းပြကာ မာထန်ထန်ကြည့်လေသည်။
"ဟင့်...ယူဇိုးကြီး... "
တူတူးကကြောက်၍ ဇေးလ်ရဲ့ပုခုံးထက်၌ မျက်နှာဝှက်ထားလေတော့သည်။
"အတ္တ... ကလေးကြောက်သွားပါဦးမယ်"
"ကြောက်..ကြောက်ပေါ့.. သူ့အဖေက "
"နေ...နေ... ဒီကိစ္စ ငါပဲရှင်းမယ်။ မင်းက တိမ်ပြယ်ရဲ့ကိစ္စသာရှင်း"
ဇိမ်းက အတ္တအားပြောရင်း ဇေးလ်အားခေါ်ထုတ်လာသည်။ ကျန်နေခဲ့သည့် သူငယ်ချင်းများက အတ္တနှင့်တိမ်ပြယ်အား ကြည့်၍ ရင်တထိန့်ထိန့်ကျန်နေလေ၏။
" ပြောပါဦး...ဘာလို့ လိုက်လာတာလဲ"
"ကိုကို့အနား ဟိုကောင်ရှိနေတယ်ဆို"
ဇိမ်းက သူ့လက်ပေါ်က ဆူပွပွဖြစ်နေသော ကလေးအားကြည့်၍ ပြောလိုက်တော့ သူလည်း သက်ပြင်းချ၍.....
"ဒါလား..."
"ဇေးလ်!... "
"ဟင်..."
YOU ARE READING
တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]