Unicode
"ပြေသုဇေးလ်"
ဦးတည်ဂုဏ်ရှိန်သည် အလုပ်သွားရန်ပြင်နေ၍ တူတူးနှင့်ဆော့နေသော ဇေးလ်အား လှမ်းခေါ်သည်။ ထိုအခါ ဇေးလ်က ကုန်းကုန်းကွကွနှင့် ထလာ၏။
"သူဌေး... ဘာခိုင်းမလို့လဲ"
"အဟမ်း... တူတူးကို သေချာထိန်းနော်"
စိတ်မချ၍မဟုတ် စိတ်ချသည်။ သို့သော်လည်း တမင်သက်သက်မှာလိုက်ခြင်းသာ။ တူတူးမွေးနေ့လည်း ရောက်လာတော့မည်။ သူလည်းအလုပ် ဖိလုပ်၍မရ။ တူတူးအတွက်မွေးနေ့ပွဲ မကျင်းပပေးသော်လည်း အိမ်ကလူများနှင့်သာ မွေးနေ့ကိတ်ခွဲရန်ဖြစ်သည်။
"ပြီးတော့... ညနေကျရင် တူတူးနဲ့ မွေးနေ့ကိတ်သွားရွေးရမှာမို့ အသင့်ပြင်ထား"
"ဟုတ်ကဲ့"
"ပြီးတော့... မင်းအခေါ်အဝေါ်တွေပြောင်းသင့်ပြီ"
"ဗျာ..."
ဇေးလ်ကို ရှူတည်တည်ကြည့်၍ ဦးတည်ဂုဏ်ရှိန် ကားမောင်းထွက်တော့သည်။ ဇေးလ်လည်း ပုခုံးတွန့်၍ ကြက်သီးများတဖြန်းဖြန်းထလာသည်။ ဦးတည်ဂုဏ်ရှိန်ရဲ့ အကြည့်များက သူ့အားပြားပြားဝပ်စေနိုင်သည့်အထိ ဆွဲဆောင်နိုင်လွန်းသည်။
ကားပျောက်ကွယ်သည့်အထိ ရပ်နေမိ၍ တူတူးကအတူဆော့ရန်ခေါ်မှ သတိဝင်ကာ ဇေးလ်အိမ်ထဲပြန်ဝင်တော့သည်။ ထိုအခါ ကြီးကြီးက...
"ကလေးတို့...ကြီးကြီးဈေးတစ်ချက် သွားဦးမယ် ဘာမှာဦးမလဲ"
"တားတားက ဘယ်ဘယ်ရီး"
ကြီးကြီးဈေးသွားတိုင်း တူတူးက တက်ကြွနေလျက်။ သူလိုချင်သည့်အရာများ မှာတတ်သည်။ ဇေးလ်ကတော့ ကြီးကြီးအား ဘာမှမမှာတော့။
"ကြီးကြီး... ဒီရက် သားဟင်းချက်မယ်။ ဒါ့ကြောင့် သားလိုချင်တဲ့ဟင်းတွေ စာရင်းနဲ့ဝယ်လာပေး"
ကြီးကြီးလည်း မျက်နှာလင်းသွားကာ သဘောတူလိုက်၏။
"ကောင်းတာပေါ့...တည်လည်း ကြီးကြီးလက်ရာပဲစားနေရတော့ ရိုးနေပြီ။ တစ်ခါတစ်လေ လက်ရာပြောင်းစားသင့်တယ်"
"ဟုတ်... သားလည်း ဟင်းချက်တတ်တယ်"
ကြီးကြီးအတွက် စာရင်းမှတ်ပေး၍ ဈေးဝယ်ခိုင်း၏။ ဇေးလ်က ဟင်းချက်ဝါသနာပါ၏။ သို့သော် ဦးတည်ဂုဏ်ရှိန် မကြိုက်မည်ဆိုးသောကြောင့် ကြီးကြီးအားမပြောရဲ။
YOU ARE READING
တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]