Part-23(2)

3.9K 383 39
                                    


ရှက်ရှက်ဖြင့် သူ့ရင်ခွင်ထဲကရုန်းထွက်လာသော ကောင်ငယ်လေးရဲ့ကိုယ်လုံးလေးအား ပြန်ဆွဲယူပြီး ရင်ခွင်ထဲပြန်ထည့်ထားလိုက်၏။ တစ်ခါမကတော့သည့် သွေးသားယှက်စပ်မှုများက ကောင်လေးအား ယခုထိအရှက်သည်းစေတုန်းပင်။

"ဘယ်သွားမလို့လဲ...ဟင်"

"မိုးချုပ်တော့မယ်လေ... အိမ်ပြန်တော့မလို့"

"ဟင်... ဘယ်အိမ်လဲ ကိုယ်တို့အိမ်လား"

သူ့ရဲ့နှာတံအားဆွဲညှစ်ပြီး မေးလိုက်သာအခါ မျက်တောင်ဖျပ်ဖျပ်ပြီး ခေါင်းငုံ့ထား၏။ မျက်တောင်ရှည်ကော့ကော့များကို ငေးရင်း လက်ချောင်းဖြင့် တို့ထိလိုက်မိသည်။ သည်ကောင်လေးရဲ့ ဖြစ်တည်မှုအားလုံးကို သူမြတ်နိုးသည်။ ငိုတာဖြစ်ဖြစ်၊ရယ်တာဖြစ်ဖြစ် သူ့ရင်ထဲတွင် နေရာယူထားနိုင်သည်။

"ဟင်... ကိုယ်တို့အိမ်ကို ပြန်ကြမယ်မလား"

"ဟင့်အင်း... ဦးတည်နဲ့ ကျွန်တော်ကဘာမှ မဟုတ်တာ"

"ကဲ ပြောပြန်ပြီ ကိုယ်စိတ်ရှည်တဲ့အထဲမှာ ဒါတွေမပါဘူးနော်"

ဟုတ်ပါသည် ဇေးလ်က သူ့ကိုချစ်သည်ဟု ဘယ်တုန်းကမှမပြောခဲ့။ သူ့ရဲ့အပြုမူများကို မလွန်ဆန်နိုင်၍သာ ငြိမ်နေခြင်းသာ။ ဒီထက်တင်းကျပ်မိလျှင်လည်း ကောင်လေးအားသနားမိပြန်သောကြောင့် ကိုယ်တိုင်ဆုံးဖြတ်ပါစေဟု လွတ်ထားမိခြင်းသာ။ မဟုတ်လျှင် သုံးလလုံး ကောင်လေးအနားက သူထွက်သွားမည်မဟုတ်။

"ကိုယ့်အိမ်ပြန်မလား ခိုးပြေးမလား"

"ဟင်... မလုပ်ကောင်းဘူးနော် ဦးတည်"

"ဘာလို့မကောင်းတာလဲ ပြောပါဦး"

လက်တစ်ဖက်ကို ကားတံခါးဘောင်ထောက်ပြီး သူ့ကိုစေ့စေ့ကြည့်လိုက်သောအခါ ထုံးစံအတိုင်း အဖြေမရှိဘဲ တိတ်ဆိတ်သွားပြန်သည်။ ဒီတစ်ခါကောင်လေး လမ်းနှစ်လမ်းထဲကတစ်လမ်းမရွေးလျှင် သူစိတ်ရှည်တော့မည်မဟုတ်။ သူလောနေ၍လည်းမဟုတ်။ တစ်ချိန်တစ်ခုလောက်အထိ ဇေးလ်ကို သူအချိန်ပေးခဲ့သည်။

ဒီတစ်ခါတော့ တစ်နည်းမဟုတ် တစ်နည်းဖြင့် သူပိုင်ဆိုင်မှရတော့မည်။ မဟုတ်လျှင် အဖျက်သမားများ၊ ဝေးရမည်းအကြောင်းပြချက်များက အရှေ့တွင် အသင့်စောင့်ကြိုနေ၏။ ပြီးတော့ ဒီကောင်လေးကို ဘယ်နည်းနှင့်မှ သူအဆုံးရှူံးမခံနိုင်။ သူ့အပိုင်ပဲ ဖြစ်ရမည်ဆိုသည့် တစ်ကိုယ်ကောင်းဆန်စိတ်က သူ့အားဖုံးလွမ်းထား၏။

တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]Where stories live. Discover now