Part-24(1)

4.3K 436 51
                                    

#ဒီအပိုင်းတွင် ရွှေအိုရောင်လက်ထပ်ဖိတ်စာ ဆိုတဲ့သီချင်းဖွင့်ပေးပါနော်။ အဲ့ဒါမှ ငြိမ့်ငြိမ့်လေးနဲ့ စီးမျှောလို့ရမယ်#

ကျောင်းပိတ်ရက်ဖြစ်သောကြောင့် အခန်းထဲသန့်ရှင်းရေးလုပ်ဖြစ်၍ ခေါင်းအုံးနှင့် စောင်များကို အပြင်ထုတ်လှန်းလိုက်သည်။ အိပ်ယာခင်းအသစ်လဲပြီး စားပွဲတင်ခုံပေါ်က စာအုပ်များကို သပ်သပ်ရပ်ရပ်ပြန်စီထားလိုက်၏။ အဖေကတော့ ထုံးစံအတိုင်း ကျောင်းပိတ်လျှင်လည်း အေးဆေးမနေရဘဲ ကလေးများရဲ့အဖြေလွှာများက ထိုင်စစ်နေတော့သည်။

သူ့ရဲ့အိပ်ခန်းအတွင် တံမြတ်စည်းလှဲ ကြမ်းတိုက်ပြီး အဖေ့ရဲ့ ကျောင်းစိမ်းပုဆိုးများနှင့် အင်္ကျီများယူကာ ရေစည်ပိုင်းသို့ လျှော်ရန်ထွက်လာခဲ့၏။ အဖေကတော့ သူ့အားမျက်မှန်ပင့်ကြည့်၍ စာဆက်စစ်နေလိုက်သည်။

ဘာလိုလိုနှင့် ဒီကလေးအား ခေါ်မွေးထားခဲ့တာ ဆယ့်ရှစ်နှစ်ပင် ကြာခဲ့ပြီ။ အလိုက်သိပြီး အမေဖြစ်သူရဲ့အကြောင်းများတောင် တစ်ခါမှမမေးခဲ့။ ငယ်ငယ်ကတည်းက အမေဆုံးသွားသည်ဟု ပြောပြသောကြောင့် အခုထိလည်း အဖေ့ကိုအဖေရင်းဟုသာ ထင်နေသော ကလေးပင်။

တစ်နေ့နေ့ကျလျှင် ပညာစုံ၍ စဥ်းစားဆင်ခြင်နိုင်သည့်အခါ သည်အကြောင်းများအားလုံး ပြောပြရန် ဆုံးဖြတ်ပြီးသား။ သူဟာ နာဂ လူမျိုးဖြစ်ကြောင်း၊ အခက်အခဲများစွာကနေ သူ့အားခေါ်ပြေးခဲ့ရသည့်အကြောင်းတွေ အကုန်ပြောပြဖြစ်မည်။

သူ့ကို ချစ်လွန်း၍ ယနေ့အထိ လွတ်လွတ်လပ်လပ်နေနိုင်ရန်၊ မျက်နှာမငယ်အောင် အိပ်ထောင်မပြုဘဲ နေလာခဲ့သည်။ အမေဖြစ်သူလည်း သူ့ကိုချစ်သောကြောင့် မြေးအရင်းတဖွယ် ဂရုစိုက်စောင့်ရှောက်ပေး၏။ ဒီနှစ်ထဲ အရပ်နှင့်ခန္ဓာကိုယ်က အရမ်းထွားလာသည်။ အဖေထက်တောင် ရှည်နေ၍ ကြည့်ကောင်းနေ၏။

သို့သော်လည်း မျက်လုံးထဲတွင်တော့ သူ့ကိုကလေးဟုသာ မြင်နေသည်။ အလိုက်သိ၍ စာတော်သော ကလေးပေါ့။ ကျောင်းနှစ်ဝက်ရောက်မှ အဖေ့ကို ကျောင်းပြောင်းလာ ရှားရှားပါးပါးပူဆာခဲ့သည်။ အစကတော့ ဆီဆိုင်မြို့တွင် အဆင်မပြေလို့ပဲ ထင်ခဲ့၏။ သို့သော်လည်း အောင်ပန်းသို့ပြန်ပြောင်းလာသည့်နောက်ပိုင်း ဘွားဘွားဖြစ်သူ ဆီကိုတောင် ခြေလှမ်းမလှည့်တော့တာကို သတိထားမိသည်။

တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]Where stories live. Discover now