[Unicode]
"သား တူတူး..."
"ဂျာ..."
"ဖေဖေက ဘယ်အချိန်ပြန်လာမလဲ"
"ဖေ့ ရား.... တိဝူးရော..."
ညနေစာပင် စားပြီးသော်လည်း ယခုထိဦးတည်ဂုဏ်ရှိန်ပြန်မလာသေး။ အိမ်ပြန်အဝတ်အစားများ ပြန်ယူပြီး မိဘများကိုလည်း အလုပ် အကြောင်းပြောပြချင်သေးသည်။ တူတူးလေးနှင့်တော့ အဆင်ပြေသည်။ ဂျီမကျသလို အိပ်ချင်သည့်အချိန်တွင်ပဲ ငိုသဖြင့် ဇေးလ်အတွက် မပင်ပန်းပါ။
တူတူးနှင့်ပေါင်း၍ သူတောင်ကလေးစိတ်ပြန်ဖောက်လာသည်။တစ်နေကုန် ကလေးလိုဆော့ရတော့ကိုယ့်ကိုယ် ပြန်နုပျိုလာသလိုခံစားရ၏။ ညနေ၇နာရီလောက်မှ ကားသံကြားသဖြင့် ဇေလ်းထွက်လာခဲ့သည်။
"သူဌေး ပြန်ရောက်ပြီလာ"
"တူတူးရော..."
ပြေသုဇေးလ်ကို မြင်သော်လည်း တူတူးကိုသာ အရင်လိုက်ရှာသည့် ဦးတည်ဂုဏ်ရှိန်ကြောင့် ဇေးလ်အနည်းငယ် ကသိကအောင့်ဖြစ်သွားရ၏။
"အထဲမှာ ဆော့နေတယ်"
ဦးတည်ဂုဏ်ရှန်သည် နာရီကိုပင့်ကြည့်၍ ခေါင်းညိတ်ပြ၏။ သူ့မျက်နှာထက်တွင် ဘာခံစားချက်မှမရှိဘဲ အေးစက်စက်နှင့်ပင်။ ကားတံခါးကို ပိတ်ပစ်၍ ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ထားကာ ခပ်တည်တည်နှင့်...
"ချာတိတ်... မင်းနဲ့စကားနည်းနည်းပြောရအောင်"
ထင်ထားသည်ထက် တူတူးလေးက သူကိုတွယ်ကပ်နေသောကြောင့် ဦးတည်ဂုဏ်ရှိန် သဘောကျမိသည်။ တစ်နေ့လုံးကြီးကြီးဆီဖုန်းဆက်ရင်း တူတူးနှင့်ဘာတွေလုပ်နေလဲဆိုတာ အကုန်မေးခဲ့၏။ တူတူးလည်းတစ်နေ့ကုန်ဆော့၍ မငိုသည့်ကြောင့် ဒီနေ့အလုပ်များကို အပြီးသတ်နိုင်ခဲ့သည်။
"ဟုတ်ကဲ့..."
ဦးတည်ဂုဏ်ရှိအနောက်သို့ ခပ်ကုတ်ကုတ်လိုက်လာပြီး ဧည့်ခန်းရောက်သည်နှင့် ဦးတည်ဂုဏ်ရှိန် မျက်ရိပ်ပြသဖြင့် ဆိုဖာပေါ်တွင်ဝင်ထိုင်လိုက်သည်။
"ဒီရက် တူတူးလေးနဲ့ ဘာတွေလုပ်ခဲ့လဲ"
"ဗျာ"
YOU ARE READING
တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]