Part-26(3)

4.2K 371 38
                                    

နံနက်စောစောထ၍ကူစရာများရှိတာ ကူပြီး တရားနာရန်အတွက် ပြင်ဆင်လိုက်၏။ ရောင်နီလာပြီ ဖြစ်သော်လည်း အတ္တနောင်မှူးရဲ့ အရိပ်အရောင်ပင်မတွေ့ရသေး။ မနေ့က အခန်းထဲတွင် ပစ်ထားပြီး ထွက်လာခဲ့သောကြောင့် နည်းနည်းစိတ်ပူမိသေး၏။

"တိမ်ပြယ်"

ခွမ်း!

ပန်းကန်များစီနေသည့်အချိန် ရုတ်တရက်ရောက်လာသော အတ္တနောင်မှူးကြောင့် လန့်ဖျပ်၍ လက်ထဲရှိပန်းကန်လုံးလည်း ကျကွဲသွား၏။ လှည့်ကြည့်လိုက်သည့်အခါ မျက်နှာမရွှင်မလန်းနှင့် ကယန်းရိုးရာ ဝတ်စုံအပြည့်ဝတ်ဆင်ထားသော အတ္တနောင်မှူးကို အံ့သြစွာကြည့်မိသည်။

ဟုတ်ပါသည် သူ့မင်္ဂလာပွဲပဲကိုး။ ကယန်းဝတ်စုံအပြည့်ဝတ်ထားမှာပဲ။ သတိုးသမီးလည်း ရိုးရာဝတ်စုံဝတ်ပြီး အလှပြင်နေသည်။ ဖျင်ကြမ်းအနက်ရောင် ဘောင်းဘီနှင့် အဖြူရောင် အဆင်းနှစ်ခြမ်းခွဲ ဝတ်စုံလေးက သူနှင့်လိုက်ဖက်သည်။

"အတ္တ မင်းအခုဒီမှာရှိနေသင့်တဲ့ အချိန်မဟုတ်ဘူး"

"ငါသွားမှာပါ မင်းဖြစ်စေချင်တဲ့အတိုင်းပဲ ဝတ်စုံတောင်ငါဝတ်ထားပြီပဲ"

"ဘာလို့ ဒီမှာလာနေသေးလဲ အခမ်းအနားစတော့မှာ မင်္ဂလာမဏ္ဍုပ်မှာ မင်းရှိနေသင့်တယ်"

"ကျစ်! မင်းက ငါ့စကားကို ဘယ်တော့မှ ဆုံးအောင်နားမထောင်ဘူး။ ငါ့ကို ပုဝါချည်ပေးဦး"

လက်ထဲကိုင်ထားသည့် ကယန်းပုဝါကို တိမ်ပြယ်အား လှမ်းပေး၍ မျက်လုံးပင့်ကြည့်၏။ အဖြူရောင်ရှပ်အင်္ကျီလက်ရှည်နှင့် အနက်ရောင်ပုဆိုးကြောင့် တိမ်ပြယ်က သာမန်အချိန်များထက် ပိုကြည့်ကောင်းနေ၏။

"တခြားလူသွားချည်ခိုင်း ငါမအားဘူး"

"လုပ်ပါ...ငါ့ရဲ့နောက်ဆုံးတောင်းဆိုမှုပဲ... မင်းလုပ်ပေးရမယ်၊ ပြီးရင် မင်းကိုယ်တိုင် ငါ့ကိုချည်မျှင် လာစွတ်ပေးရမယ် မင်းမလာမချင်း တခြားလူဆီက ချည်မျှင်စွတ်တာ လက်ခံမှာမဟုတ်ဘူး"

"မင်းအရမ်း ခေါင်းမာတာပဲ အတ္တ..."

"အဟက်! မင်းကြောင့်လေ။ စကားအရမ်းကြီးမများနဲ့ ငါ့မင်္ဂလာပွဲနော် နောက်ကျလို့မဖြစ်ဘူး"

တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]Where stories live. Discover now