[Unicode]
အာရုဏ်ဦးနံနက်ခင်းအချိန် တောတောင်တွင်းက ကျေးငှက်များသည် တေးသီချင်းများသီဆိုနေလျက်။ တောင်စောင်းတလျှောက် စိုက်ပျိုးထားသော လက်ဖက်ပင်များဟာစိမ်းစိုနေ၍ နုနုရွရွအရွက်လေးများက ခူးယူရန်အသင့်။
တောင်ကုန်းအောက်တွင် တည်ရှိနေသော တဲအသေး၏ အမိုးထက်၌ မီးခိုးငွေ့များက သင်းပျံ့နေသည်။ တောင်အကွေ့အကောက်အတိုင်း စီးဆင်းနေသည့် စမ်းချောင်းနံဘေးတွင် ရေခပ်ဆင်းသည့် အလုပ်သမားများနှင့် အဝတ်များလျှော်ဖွက်နေကြသည့် မိန်းမပျိုများအချို့ စကားများပြောနေကြသည်။
တဲအိမ်အသေးထဲတွင် ယခုထိအိပ်ရာမထသေးသော တိမ်ပြယ်ကတော့ ကိုယ်ခံအားနည်းသူဖြစ်ပြီး ဆောင်းနံနက်ခင်းကို အံတုကာ စောင်ပုံထဲတွင်ကွေးနေလျက်ပင်။ အလုပ်သမားများက ကိုယ်စီတာဝန်များထမ်းဆောင်ကြရင်း တစ်နေ့တာကိုအစပြုတော့၏။
"တိမ်ပြယ် နိုးပြီလား"
အဘွားဖြစ်သူက နံနက်စာချက်ပြုတ်ရင်း စောင်ပုံထဲက သူ့ကိုလှမ်း နိုးနေသည်။ သို့သော်လည်း ချမ်းလွန်းသည့်အတွက် ဖင်လှည့်ခေါင်းလှည့်လုပ်ပြီး ပြန်အိပ်နေလိုက်၏။ ယခင်နေ့ကလည်း အအေးမိထားသောကြောင့် အဘွားဖြစ်သူကဆက်မနိုးတော့ဘဲ အိပ်ရေးဝအောင် ဆက်အိပ်ခိုင်းလိုက်သည်။
နံနက်ရှစ်နာရီတွင်တော့ လက်ဖက်ခူးသူများက ပလိုင်းကိုယ်စီလွယ်၍ တောင်စောင်းအတိုင်းတက်ပြီး လက်ဖက်ခူးကြ၏။ တိမ်ပြယ်လည်း တစ်ကိုယ်လုံး လုံခြုံနေအောင်ဝတ်စားထားပြီး လက်ဖက်ခူးရန်တက်လာခဲ့သည်။
လက်ဖက်ရွက်နုနုထက်တွင် နှင်းရည်စက်များက နေရာယူထားသောကြောင့် လက်ဖျားနှင့်ထိမိတိုင်း အသည်းခိုက်နေအောင်အေးစက်နေသည်။ ထို့ကြောင့် ဒီရာသီတွင်လက်ဖက်ခူးရတာ တိမ်ပြယအမုန်းဆုံး။
"ခက်လိုက်တာ ဒီလောက်အေးနေတာကို မနက်အစောကြီးအလုပ်စခိုင်းတယ်"
မကျေမနပ်ဖြစ်၍ တစ်ယောက်တည်းပွစိပွစိဆိုလေတော့၏။ ဘာဖြစ်ဖြစ် ဒီဇင်ဘာကျောင်းပိတ်တုန်းခဏ ဖွားဆီအလည်လာတာ၊ ကျောင်းပြန်ဖွင့်လျှင် အဖေ့ဆီပြန်သွားမည် ဆိုသောစိတ်ဖြင့် အားတင်းထား၍ လက်ဖက်ခူးနေတော့၏။
YOU ARE READING
တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]