"ဦး... မအိပ်သေးဘူးလား"
တူတူးအား သိမ့်ပြီးမှ အခန်းထဲဝင်လာသောကြောင့် ခုတင်ဘေးတွင်ထိုင်ပြီး စောင့်နေသော ဦးတည်ဂုဏ်ရှိန်အား မြင်တွေ့ရ၏။ အခန်းထဲဝင်လာသော သူ့ကိုမြင်သည်နှင့် အနားတွင်ထိုင်ခိုင်းသည်။
"ဒီည ကိုယ်တို့ရဲ့ မင်္ဂလာဦးညလေ...ဘာလို့အရင်အိပ်ရမလဲ"
"ဟာ... ဦး သားပင်ပန်းလို့ "
"မင်းမေမေပြောတာ မကြားလိုက်ဘူးလား။ ကိုယ်လိုသမျှဖြည့်ဆည်းပေးဖို့ဆိုတာ"
မျက်နှာရဲတက်လာပြီး ရှက်နေသော ဇေးလ်ရဲ့မျက်နှာကို အကြည့်ဖြင့်လိုက်ဖမ်းနေ၏။
"စတာပါ... မရှက်ပါနဲ့ ကဲ အိပ်ရအောင်"
သူ့ရဲ့ကိုယ်လုံးလေးကို ပွေ့ချီပြီး မွေ့ယာထက်တွင်ချ၍ ဘေး၌ဝင်လှဲ၏။
"ကိုယ့်ရဲ့ ကလေး တာဝန်ကျေသွားပြီ ဒီရက် ဒါကြောင့် ကိုယ်က ဆုအကြီးကြီးချမယ်"
ဇေးလ်အား ရင်ခွင်ထဲဆွဲသွင်းပြီး နဖူးလေးကို ညင်သာစွာ နမ်းယူလိုက်သောအခါ အညိုရောင်မျက်ဝန်းလေးက သူ့ကို ထူးဆန်းစွာမော့ကြည့်လာ၏။ သူကတော့ လက်တစ်ဖက်ကို ဆွဲယူပြီး အဖြူရောင်ချည်မျှင်လေးကို ကိုင်ဆော့နေ၏။
"ကလေး..."
"ဟုတ် ဦး"
"ကိုယ်တို့ နှစ်ယောက်တည်း ရှိတဲ့အချိန် Daddyလို့ပဲ ခေါ်ပါ"
"အဲ့လိုခါ်ရမလား...ဟီး"
ပြောရင်း အရှက်ပြေစွာ ဟီးခနဲရယ်နေသော ဇေးလ်အား အသည်းယားလာသဖြင့် ပါးမို့မို့လေးကို သွားဖြင့်ဖွဖွလေးကိုက်ထည့်လိုက်သည်။
"Baby ဒီရက်အရမ်းပျော်နေသလိုပဲ...ကိုယ်လည်း အရမ်းပျော်တယ်သိလား"
"ဟို..ဦး အမ် Daddy သားကို တစ်ခုဝယ်ပေးပါလားဟင်"
"အော်... ကိုယ်ရှာထားတာ Babyအတွက်ပဲလေ... ကဲပြော ကိုယ်ဘာဝယ်ပေးရမလဲ"
"ဟို..."
သူ့ရင်ဘက်ပါ်က ကြယ်သီးများကို ကိုင်ဆော့ပြီး မျက်တောင်ခတ်ကာ ပြောရန်တွန့်ဆုတ်နေလေ၏။
"ပြောပါ... ကိုယ်ဘာဝယ်ပေးရမလဲ"
"Daddy... သားကိုမဆူနဲ့နော်..."
YOU ARE READING
တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]