Part-26(1)

4.3K 386 27
                                    

အမဲလိုက်ရာသီက ကယန်းအမျိုးသားတို့ တက်ကြွသည့် အချိန်ရာသီတစ်ခုဖြစ်၏။ သာမန်ရွာတွင် တွေ့ရခဲသော အမဲလိုက်ရာသီပွဲတော်က အဘိုးရွာတွင် အမြဲတမ်းရှိသော ပွဲတော်ဖြစ်သည်။

နံနက်မိုးသောက် ရောက်သည်နှင့် လက်နက်ကိုယ်စီကိုင်ဆောင်၍ နှင်းခဲရည်ဖွဲကျနေသော မြက်ခင်းပြင်သို့ ဦးတည်ကြသည်။ ဆောင်းရာသီတွင် ခိုက်ခိုက်တုန်နေအောင် ချမ်းသော်လည်း သူတို့အဖို့ အအေးဒဏ်က ဝါသနာကို မအံတုနိုင်။

"ခု့ ဘယ်တုန်းက ရွာလာတာလဲ"

ရွာသားတစ်ယောက်က သူ့ကိုမြင်သည်နှင့် လှမ်းမေးသောကြောင့် သူလည်း ကျောက်တုံးပေါ်တွင် နေပူစာလှုံရင်းမှ ထလာခဲ့သည်။ ခု့ဆိုသည်က အသက်ငယ်သော ကောင်လေးများကို ခေါ်သော အခေါ်အဝေါ်ဖြစ်၏။

"မနေ့ကမှရောက်တာ...မင်းက ဘယ်သူ့သားလဲ"

အသက်ကြီးသော ထိုရွာသားအား ပြန်မေး၍ ကျောက်ဆောင်ပေါ်က ဆင်းလာခဲ့သည်။ အဘိုးကလည်း အသက်ကြီးပြီဟု မဆိုရလောက်အောင် အကြမ်းခံသည်။ အခုတောင် သူမလိုက်နိုင်သည့် အမဲလိုက်ပွဲသို့ အဘိုးကတော့ တက်တက်ကြွကြွနှင့် လိုက်သွား၏။

"ငါလား... မင်းဦးလေးပဲ အမျိုးတော်တယ်လေ၊ မင်းအဖေနဲ့ ငါက ဝမ်းကွဲပဲ"

"ဟုတ်လား... ဦးလေးက အမဲမလိုက်ဘူးလား"

အမဲလိုက်ပွဲသို့ ရွာထဲရှိ အမျိုးသားအကုန်လုံး နီးပါးလိုက်သွားကြသော်လည်း အချို့ကကျန်နေခဲ့၏။

"မနေ့က လိုက်ပြီးပြီ... ဒီရာသီက အမဲအမြဲတမ်းလိုက်တာလေ... တစ်ရက်တစ်လေနားတာ"

"ဦးလေးက ဘယ်နားမှာနေတာလဲ"

"တောင်စောင်းရဲ့ ဟိုဖက်... ဒီလမ်းကနေသွားရင် ဘယ်ဖက်ချိုးရင်ရောက်ပြီ...အဖိုးရော အမဲလိုက်ထွက်တာလား"

"အင်း ဟုတ်တယ်လေ မနက်အစောအတည်းက ထပြီးလိုက်သွားတာ။"

"ဟေ...ဟုတ်လား ဒါဆို မင်းထမင်းမစားရသေးဘူးမလား...အိမ်လိုက်ခဲ့ အိမ်မှာ တောသားချက်ထားတယ်"

အဘိုးလည်း နံနက်အစောကြီးထွက်သွားသောကြောင့် နံနက်စာလည်း ချက်မထား။ ပြန်လာမည်ထင်ပြီး နေပူစာလှုံကာ စောင့်နေမိသသည်။ သို့သော် ဗိုက်က အချိန်ကိုမစောင့်သောကြောင့် ဦးလေးခေါ်ရာ အနောက်သို့ လိုက်သွားတော့၏။

တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]Where stories live. Discover now