ညနေပိုင်းတွင် အချိန်ပိုဆင်းရသောကြောင့် စာတော်သည့် သူငယ်ချင်းများက အကုန်အိမ်ပြန်နှင့်နေပြီးသား။ စာညံ့သည့်အတ္တက အချိန်ပိုဆင်းရ၍ နောက်ကျမှပြန်ရသည်။ အတန်းကြီးဖြစ်သော တိမ်ပြယ်ဟာလည်း အပိုချိန်ခေါ်ခံရ၏။
ရွာကနေ အသွားအပြန်လုပ်ကြသည့် သူငယ်ချင်းများလည်း အဆောင်ပြောင်းနေကြသည်။ အဘယ့်ကြောင့်ဆိုသော် ပထမနှစ်ဝက်နီးလာပြီဖြစ်သောကြောင့်ပင်။ အသွားအပြန်လုပ်သည့်လူက အတ္တနောင်မှူးနှင့် တိမ်ပြယ်ရောင်စဥ်သာကျန်နေ၏။ ခု့လုံးတို့ကလည်း ဇိမ်းအိမ်တွင်သာ စာစုကျက်ကြ၏။
သူကတော့ စာကျက်ရမည် ပျင်းနေသောကြောင့် စက်ဘီးဖြင့် အသွားအပြန်လုပ်၏။ တစ်ခါတစ်ရံ မိုးကြီးသည့်နေ့များလည်း စက်ဘီးတွန်းကာ အိမ်သို့အရောက်ပြန်သည်။
"ကြာလိုက်တာ... ဘာလို့ဒီလောက်ကြာနေတာလဲ။ ဆရာကဂွေးဥနှိုက်ခိုင်းလို့လား"
စုတ်ဖွားပြီး နီကြောင်ကြောင်ဖြစ်နေသော ဆံပင်များကို စိတ်မရှည်စွာဖွပစ်၍ အတန်းကြီးဖက်သို့ ခဏခဏမျော်ကြည့်မိ၏။ ထိုအခါအနားရောက်လာသော ဆရာက...
"အတ္တ ဘာတွေပြောနေတာလဲ...ဘယ်သူက ဂွေးဥနှိုက်နေတာလဲ"
ဆရာလည်း အတန်းကြီးဖက်သို့ လှည့်ကြည့်ရင်း သူ့ကို မသင်္ကာသလိုမေးသောအခါ သူလည်း ဇက်ကလေးပုသွား၍....
"အာ...မဟုတ်ပါဘူး၊ နေ့လယ်က သူငယ်ချင်းယူလာတဲ့ ဂွေးသီးကို အလုအယှက်နှိုက်စားတာကို ပြန်တွေးမိလို့ပါ"
ဆရာ့ကို ဆက်ဆံနေသည့်ပုံက မလေးမစားနှင့်။
"အဟင်း...ဟင်း...အတ္တ ငါသိတယ်နော်... စကားလွဲကောင်းလို့ သက်သာတယ်မှတ်ပါ။ ဆရာတွေကိုစော်ကားတာ ဘယ်လောက်အပြစ်ကြီးလဲသိလား"
"ဟုတ်...ဟုတ်ကဲ့"
ဆရာက တုတ်တကားကားနှင့် ပြောသောကြောင့် သူငြိမ်ကုတ်နေရ၏။ အတ္တတို့က သတ္တိအရမ်းရှိသော်လည်း ဝါးလုံးစိမ်းတုတ်အား ကြောက်သည်။ ဆရာထွက်သွားပြီးနောက် တိမ်ပြယ်တို့လည်း အတန်းဆင်းလာပြီ။ လွယ်အိတ်ကို ဘေးတွင်လွယ်၍ အေးဆေးတည်ငြိမ်စွာ လျှောက်လာသော တိမ်ပြယ်ရောင်စဥ်ကို သူစိတ်မရှည်။
YOU ARE READING
တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]