Part-20

4.7K 411 86
                                    

အပြင်ကဆူဆူညံ့ညံအသံများကြောင့် နားထဲကြားတစ်ချက်မကြားတစ်ချက် အိပ်မက်မက်နေသလိုကြားနေရ၏။ ခန္ဓာကိုယ်အားသိမ်းကြုံးထားသော လက်ကြောင့် လှုပ်ရှားရန်ခက်လှသည်။ ကိုယ်ခန္ဓာတစ်ခုလုံး ကိုက်ခဲနာကျင်နေ၍ ခါးအောက်ပိုင်းတွင်လည်း ကျင်ခနဲတက်လာသည်။

နံနက်စာချက်ရမည်ဆိုသော အသိကြောင့် နာကျင်မှုဒဏ်ကို မေ့ပစ်ပြီး သူ့ရဲ့လက်ကိုဆွဲဖြုတ်ကာ ထရန်ပြင်လေသည်။ သို့သော်လည်း သန်မာသောလက်ဖြင့် ပြန်ကျုံးပွေ့ခံရသောကြောင့် အိပ်ရာထဲပြန်လှဲကျ၏။

အသက်ရှုသံတိုးတိုးလေးရယ်၊ အတင်းပွေ့ဖက်ထားသည့် ရင်ခွင်နွေးနွေးလေးနှင့် လည်ပင်းအားမျက်နှာအပ်သော သူ့ကြောင့် ဇေးလ်လည်းမရုံးချင်တော့ပေ။ လှုပ်ချင်စိတ်လည်း မရှိအောင်တစ်ကိုယ်လုံးထုံကျင်နေ၏။

"မင်းကို ကိုယ်ပြောထားတယ်လေ။ မနက်စာကိုယ်တာဝန်ယူမယ်လို့။ အေးဆေးသာ အိပ်နော်။"

သြရှရှအသံကြားပြီးနောက် နဖူးထက်သို့နွေးခနဲကျလာသော နူတ်ခမ်းထူတစ်စုံ။ ထိုအနမ်းများက နွေးထွေးသည်။ အချစ်များဖြင့်ပြည့်နှက်နေ၏။ သူခံစားမိပါသည်။

"ဒီရက် ၉နာရီမထိုးမချင်းမထရဘူးနော်"

ခပ်ပြတ်ပြတ်ပြော၍ ကိုယ်ပေါ်ကစောင်များကိုဖယ်ခွာကာ စောင်တစ်ထည်လုံးကို ဇေးလ်ကိုယ်ပေါ်သို့ပတ်ပေးလိုက်သည်။ နံဘေးက လောကကြီးအားမေ့ပြီး အိပ်မောကျနေသော တူတူးလေးရဲ့ နှုတ်ခမ်း ဆူဆူလေးကိုမွှေးမွှေးပေးပြီး ထလာခဲ့သည်။

တဲအိမ်အပြင်တွင် စီထားသောထင်းခြောက်ချောင်းများကို လက်နှစ်ဖက်ဖြင့်ထမ်းယူပြီး မီးဖိုနံဘေးတွင်ချ၏။ ထင်းရှူးဆီများက ချောင်းသေးသေးများ ခုတ်ထားပြီးသောကြောင့် မီးခြစ်ယူကာ မီးညှစ်လိုက်သည်။

မီးတောက်လာသည်နှင့် မီးသွေးခဲကိုမီးဖိုအလယ်တွင်ခံ၍ မီးစွဲနေသောထင်းရှူးဆီအားတင်ပြီး ထင်းများအား မီးထိုးတော့၏။ မီးစွဲလွတ်သောထင်းခြောက်များက ခဏလေးနှင့်မီးစွဲသွားသည်။ ထို့နောက် အသင့်ခပ်ထားသောရေဖြင့် မျက်နှာသစ်၊ခြေလက်အရင်ဦးစွာ သန့်စင်လိုက်သည်။

တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]Where stories live. Discover now