Part-3

8K 684 25
                                    

Unicode

"ဟိတ်! ဟိတ်!... အတ္တဟိုမှာ မင်းရဲ့ပထမအနမ်းပိုင်ရှင်"

မီးပုံပတ်ပတ်လည်ဝိုင်းထား၍ တံခွန်တိုင်အကတိုက်ရန် ရောက်လာကြသည့်အခိုက် ခု့လုံးလက်ညိုးထိုးပြသည့်နေရာကို ယောင်ပြီးကြည့်လိုက်မိသည်။ အနက်ရောင် ဟူဒီအင်္ကျီနှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသည့် တိမ်ပြယ့်ကို ကြည့်မိပြီးအကြည့်ပြန်လွဲလိုက်သည်။

ဒီသူတောင်းစား ခု့လုံးတစ်ယောက်အလိုက်ကန်းဆိုးမသိဘဲ ထင်ရာလျှောက်ပြောနေတော့၏။ ဒီအဖြစ်အပျက်ကြောင့် စိတ်ရှုပ်နေတာအခုထိမပျောက်သေး။ အရှေ့မှာရှိနေသည့် တိမ်ပြယ်က သူ့အတွက် မျက်စိမွှေးဆူးနေသည်။

"စကားကိုကြည့်ပြော ငါပိတ်ကန်ပစ်မယ်"

"မဟုတ်လို့လား..."

ခပ်လှောင်လှောင်ရယ်၍ အခြားတစ်ဖက်သို့ထွက်သွားသည့် ခု့လုံးကိုလက်ရွယ်လိုက်ရုံသာ။ သူနှင့်မဆိုင်ဘဲနှင့် အကလာတိုက်ရသလား။ ကတတ်တာလည်းမဟုတ်ဘဲ။ အလှူပွဲတုန်းကတောင် အူကြောင်ကြောင်နှင့်။ အတ္တက ကိုယ့်အတွေးနှင့်ကိုယ် နှာခေါင်းရှူံ့လိုက်မိသည်။

"ကဲ...ကဲ ဒီညနောက်ဆုံးညနော် သေချာကမယ်၊ မနက်ဖြန်တခြားရွာက ဧည့်သည်တွေလည်း ကျုပ်တို့ရွာမှာ တံခွန်တိုင်အကနဲ့ လာဖျော်ဖြေကြမှ၊။ သေချာလုပ်"

ယောကျ်ားလေးများသာ က၍ရသည့်တံခွန်တိုင်အကသည် လူပျို၊လူအိုမရွေးအကလာတိုက်ကြ၏။ လသား သားယောက်ျားလေးကိုလည်း ချီပြီးကလျှင် နတ်ကောင်းနတ်မြတ်က စောင့်ရှောက်ပေးသည်ဟု အယူရှိ၏။

"ဒီည ကြာဦးမလား၊ မနက်ကျရင်မထနိုင်မှာ ကြောက်တယ်"

ခု့လုံးသည် သူအနားပြန်ချည်းကပ်လာ၍ တိုးတိုးလေးဆိုလိုက်သည်။ အခုတစ်ခေါက်နှင့်ဆိုလျှင် ၅ခေါက်မြောက်ရှိနေပြီ။ တံခွန်တိုင်အရှင်သခင်လည်း အကကိုနှစ်သက်လိမ့်မည်ဟု ရွာသားများကယုံကြည်ကြသည်။

"မနက်၉နာရီမှ စကရမှာ၊ အေးအဲ့အချိန်ထိတောင် မထရင် တံခွန်တိုင်အောက်မလာနဲ့"

အတ္တက သူ့ကိုခပ်ထေ့ထေ့ပြန်ပြော၍ နံဘေးတွင်ထိုင်နားတော့သည်။ ဒီနေ့ညကတည်းက ဘေးကအခြားရွာများကို ညဥ့်နက်သန်ခေါင်ယံအချိန်၌ မောင်းတီးပြီး မနက်ဖြန်ကျရောက်လာမည့် တံခွန်တိုင်ပွဲသို့ လာရောက်ပြီး တံခွန်တိုင်အကဖြင့်ဖျော်ဖြေရန် ဖိတ်ကြား၏။

တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]Where stories live. Discover now