Part-25(1)

4.3K 396 28
                                    

Unicode

အောင်ပန်းမြို့ရဲ့ ဆောင်းရာသီနံနက်ခင်းလေးဟာ အလွန်မှခိုက်ခိုက်တုန်အောင် ချမ်းလွန်းလှ၏။ တိမ်ပြယ်ရောင်စဥ်၏ အနွေးထည်ထူထူလေးကို ဝတ်ဆင်ပြီး အိမ်ရှေ့တွင် သူ ရပ်နေမိ၏။ တိမ်ပြယ်ရောင်စဥ်ကတော့ မအေးမချမ်းသလိုနှင့် အင်္ကျီအပါးလေးသာ ဝတ်၍ မီးဖိုခန်းတွင် အလုပ်ရှုပ်နေသည်။

"ဟိတ်ကောင်... မပြီးသေးဘူးလား"

သူက တိမ်ပြယ်ရောင်စဥ်နှင့် အတူ လမ်းထွက်လျှောက်ချင်နေသောကြောင့် အပြင်၌ ရပ်စောင့်နေခြင်းသာ။ နေမြင့်လျှင် ရွာပြန်ရမည်ဖြစ်၍ ရသည့်အချိန်နှင့် အတူရှိချင်နေမိ၏။ မနေ့ည ပွဲခင်းထဲတွင် ချန်ထားသည့် ကောင်ကလည်း သူ့ကိုစိတ်ပူ၍ လိုက်ရှာနေမည်ထင်သည်။

"ဘယ်သွားမလဲ... ဒီလောက်အေးတာ မင်းမို့အစောကြီးထလာရသလား။ အိမ်မှာဆို နေဖင်ထိုးအောင် အိပ်တဲ့ကောင်ကများ"

တိမ်ပြယ်ရောင်စဥ်ရဲ့ စကားကြောင့် နူတ်ခမ်းမသိမသာလေး မဲ့သွားရ၏။ အရင်လိုသာဆိုလျှင် ပြန်ပြောနေမိမှာ အမှန်ပင်။ သို့သော်လည်း အမုန်းဓာတ်ကနေ အချစ်ဓာတ်ပြောင်းလာသောကြောင့် ပြောသမျှငြိမ်ခံနေရတော့မည်။ သူက ချစ်မိသည့်လူဖြစ်နေလို့သာပေါ့။

"လာစမ်းပါ... မင်းအဆီတွေပိသေတော့မယ် အခုထိ လမ်းလျှောက်ရမှာပျင်းနေတုန်းလား"

တမင်ပြောလိုက်ခြင်းသာ တိမ်ပြယ်ရောင်စဥ်ဆိုသည့်လူက ရင်အုပ်ကျယ်ပြီး ကြွက်သားများအပြည့် နေရာယူထား၏။ အဆီပိုတွေမရှိ လက်မောင်းတွင်လည်း ရှိသင့်သည့် ကြွက်သားများက နေရာယူထားသည်။ သူ့တွင်လည်း တိမ်ပြယ်ရောင်စဥ်နှင့် မတိမ်းမယိမ်း ခန္ဓာကိုယ်အချိုးအစားများရှိနေသည်။

သည်ဗလနှင့် ယောင်္ကျားလေးတစ်ယောက်ကို ချစ်မိသည်ဆိုလျှင်လည်း သူရှက်မည်မဟုတ်။ အချစ်က ချစ်ဖို့အတွက်ပဲဖြစ်လို့ သူ့နှလုံးသားကို အလိုလိုက်ပြီး ဆက်ချစ်ရုံသာ။ အယူသီးသော အယူဓလေ့များကိုလည်း ရင်ဆိုင်ရန် သူမိုက်မဲမိသည့်အထိပင်။

"ဘာငေးနေတာလဲ... သွားမယ်ဆို "

"အမ်... မင်းအတော် မလိုက်ချင်တဲ့ပုံဘဲနော်"

တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]Where stories live. Discover now