အလုပ်ကပြန်လာသည့်အချိန် ည၆နာရီပင် ရှိလေပြီ။ အိမ်ကထွက်လာတုန်းက အစည်းအဝေးပြီးလျှင် အိမ်ပြန်လာမည်ဟုတွေးထားသော်လည်း အရေးကြီးသည့် ကိစ္စပေါ်လာ၍ ယခုမှ အိမ်ပြန်လာနိုင်ခြင်းသာ။ အိမ်ထဲဝင်လာသည်နှင့် တူတူးလေးကိုသာတွေ့ရ၏။
"တူတူး ဒယ်ရော"
"ဒယ် အခုပဲ အိမ်ပေါ်တက် တက်"
ယခင်နေ့များဆိုလျှင် အလုပ်ကပြန်လာတိုင်း အပြန်ထွက်မကြိုလျှင်တောင် ဧည့်ခန်းတွင် ထိုင်စောင့်နေတတ်သည့် ဇေးလ်က ဒီနေ့ကျမှ ထူးထူးဆန်းဆန်း သူ့ကိုမကြိုတော့။
"တူတူး "
"ဂျာ ဖေ့"
"ခဏနေကျရင် ကြီးကြီးနဲ့ သိမ့်ခိုင်းနော်"
"ဟင့်အင်း ဒယ်ဒယ်နဲ့အိပ်မယ်"
"မရဘူးကွာ... လာကြီးကြီးနဲ့နေနော် ပြီးရင် ဖေဖေပြန်လာခေါ်မယ်"
တူတူးမလိုက်ချင်သော်လည်း ပွေ့ချီပြီး ကြီးကြီးအခန်းသို့ သွားပို့သောကြောင့် တူတူးမှာ ဆူပုတ်ပုတ်နှင့် ကြီးကြီးနှင့်အတူနေရတော့၏။ ထို့နောက် အိပ်ခန်းသို့ တက်ပြီး ဇေးလ်ကို လိုက်ရှာတော့သည်။
အခန်းတံခါးဆွဲဖွင့်တော့ စောင်ကိုခေါင်းမြှီးခြုံပြီး ကျောပေးထားသည့် ဇေးလ်ကို နားမလည်ဘဲ အနားလျှောက်လာ၏။ ပြီးမှ ခုတင်စွန်တွင် ဝင်ထိုင်ပြီး ဇေးလ်ရဲ့ ပုခုံးလေးကိုလှုပ်နိုးလိုင်သည်။
"ကလေး Daddy ဗိုက်ဆာပြီ"
ဇေးလ်က တုတ်တုတ်မျှမလှုပ်ဘဲ စောင်အောက်တွင်ပုန်းနေ၏။ သူကလည်း ဇေးလ်ဘာဖြစ်မှန်း မသိဘဲ မျက်မှောင်ကြုတ်လိုက်သည်။ ကုတ်အင်္ကျီအား ချွတ်ပြီး စောင်လေးကို ဖယ်ခွာတော့ ကောင်လေးက ကွေးကွေးလေးအိပ်ပြီး သူ့ဖက်ကို လှည့်မကြည့်။
"Daddy ဗိုက်ဆာပြီလို့"
ညင်ညင်သာသာလှုပ်နိုးတော့ ဇေးလ်က ဝုန်းခနဲထပြီး ခုတင်ပေါ်ကဆင်းကာ သူ့အတွက်အဝတ်များထုတ်ပြီးသည့်အခါ အိမ်အောက်သို့ ဆင်းလာခဲ့၏။ သူကတော့ ဇေးလ်ရဲ့ လုပ်ရပ်ကို နားမလည်ချေ။ ဇေးလ်ကို စိတ်ကောက်စေသည့် အရာ တစ်ခုခုများ လုပ်ထားမိသလား စဥ်းစား၍မရ။
YOU ARE READING
တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]