[Unicode]
ကယန်းပဒေါင် ယောက်ျားတိုင်း ရှိအပ်သည့် ပညာတစ်ရပ်မှာ အမဲလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ငယ်ငယ်ရွယ်ရွယ်နှင့် အမဲလိုက်ဝါသနာပါကြ၏။ အမဲလိုက်ခြင်းကို ရာသီအလိုက်ပြုလုပ်လေ့ ရှိသည်။
မြက်နုပေါက်ချိန်တွင် ဆက်ကိုလည်းကောင်း၊ သစ်သီးပေါ်ချိန်တွင် ချေကိုလည်းကောင်း အချိန်ကာလလိုက်၍ အမဲလိုက်လေ့ရှိကြသည်။ အတ္တတို့ အဘိုးရှေးခေတ်လူများက လှံနှင့် အဆိပ်လူးမြားကိုအသုံးပြု၍ ယခုတွင်ကား လေထိုးသေနတ်၊ ယမ်းထိုးသေနတ်နှင့် တူမီးသေနတ်များ ကိုင်ဆောင်ကြသည်။
ယနေ့လည်း အတ္တတစ်ယောက် လာဆက်ဆီက ငှားလာသည့်တူမီးသေနတ်ကို ရေနံဆီစွတ်ပြီး သုတ်လိမ်းလိုက်သည်။ သံချေးတက်လွယ်သောကြောင့် ရေနံဆီသုံးပြီး တောက်ပြောင်အောင် အမြဲသုတ်လိမ်းပေးရ၏။
"သား...အားအားနေ ဒီသေနတ်ပဲကြည့်မနေနဲ့"
"သားက သေနတ်မကြည့်ရင် ဘာသွားကြည့်ရမလဲ၊ ဖာ့ကလည်း အလုပ်မရှိလို့ပျင်းနေပါတယ်ဆို"
"အေး...နောက်လည်း ဒီသေနတ်ပဲကြည့်မိန်းမမယူနဲ့ကြားလား"
ဦးဟန်မှူးက ငေါက်ကာငင်ကာပြော၍ ထွက်သားသည်။ သည်ရက်ပိုင်း တောကောင်ရလာသောကြောင့် အတ္တလည်း အိမ်နှင့်မကပ်တော့။ အိမ်တွင် မေဇင်မူရှိနေမှန်းတောင် ဂရုမစိုက်။ မေဇင်မူနှင့်ဆုံလျှင်လည်း အတ္တကသာ အရင်ရှောင်ထွက်သွားသည်။ အကြည့်ချင်းမဆုံမိအောင် နေနေ၏။
"ကဲ...သေနတ်ကတော့ အဆင်သင့်ပဲ ရမ်ရှီကတော့ အဆင်မပြေဘူး၊ ရွာထဲသွားပြီး အကောင်ပေါက်တစ်ကောင်ထပ်ယူမှ"
သေနတ်ကို စင်ပေါ်တွင်သေချာတင်ထား၍ လက်ကိုသေချာဆေးကာ ဧည့်ခန်းဘက်သို့ အော်ပြောလိုက်သည်။
"ဖာ့ သားရွာထဲသွားပြီး ခွေးအကောင်ပေါက်သွားရှာလိုက်မယ်၊ ဘာမှာဦးမလဲ"
"ဘာမှမမှာဘူး ရမ်ရှီကို တောထဲခေါ်မသွားတော့နဲ့နော်၊ ခွေးပေါက်ရှာလာရင်လည်း ခြေထောက်အမွှေးဖြူနေတဲ့အကောင်ပဲ ရှာလာခဲ့"
"အင်း...အင်း ဖာ့"
ရှပ်အင်္ကျီကို အပြင်ထပ်တွင်ထပ်ဝတ်၍ ခမောက်လေးယူကာ နေပူကျဲကျဲကြီးထဲထွက်လာခဲ့သည်။ ရွာထဲတွင် ခွေးပေါက်များ မွေးသည်ဟုကြားသောကြောင့် တောထဲသွားမပစ်ခင် တောင်းမှရမည်။ ခွေးပေါက်များမွေးလျှင် အကောင်းဆုံးတစ်ကောင်သာ ချန်ထားပြီး ကျန်သည့်အကောင်များကို တောထဲသွားပစ်ကြ၏။
YOU ARE READING
တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]