ဒုန်း...ဒုန်း...
လှည်းဘီးလှိမ့်သံ တဒုန်းဒုန်းမြည်နေသော မြေနီလမ်းမကြီးထက်တွင် ဗွက်အိုင်များနေရာယူထား၏။
"ဝေ့... ဘယ်တုန်း"
ဂေါ်ဖီထုပ်ခင်းက လမ်းပြ၍နုတ်ဆက်နေသူက လာဆက်ရဲ့အဖေ ဒိုက်မောင်ဖြစ်သည်။ လေးလေးဘချစ်ကလည်း လက်ပြန်ဝေ့ယမ်းပြ၍....
"မြေပဲခင်း"
"နုတ်တော့မလား... လူငယ်လည်းခေါ်လာတယ်ဆိုတော့"
လေးလေးဘချစ်က လှည်းအားရပ်၍ တိမ်ပြယ်နှင့် ခုလုံးတို့အဖွဲ့ကိုလှည့်ကြည့်ကာ ခေါင်းညိတ်ပြလေ၏။ ကျောင်းပိတ်ရက်ဖြစ်သောကြောင့် မုန့်ဖိုးရလိုရငြား အငှားလိုက်လာခြင်းဖြစ်သည်။ တစ်ယောက်သောသူက တစ်ကမ္ဘာလုံး သူ့လုပ်စာထိုင်စားနေသလို မျက်နှာကြောဖြင့် သီးသန့်ထိုင်နေသည်။
သေချာသည် သူကအလုပ်လိုက်လုပ်ခြင်းမဟုတ်။ အမဲလိုက်ရန် လှည်းကိုလမ်းကြုံစီးလာခဲ့ခြင်းသာ။ လှည်းအနောက် အမြီးတနှံ့နှံ့နှင့် ပြေးလိုက်လာသည်က ရမ်ရှီလေးပင်။
"နုတ်တော့မယ်...ဒီရက်ပိုင်း နေလင်းတော့လေ။ ဒိုက်မောင်လည်း ဂေါ်ဖီထုပ် ခူးတော့မလား"
ဓားမကိုင်၍ မြေတူးဆွနေသော သူ့ကိုလေးလေးဘချစ်ကမေးတော့ ခမောက်ချွတ်ပြီး အခင်းအားဝေ့ကြည့်လိုက်၏။
"ခူးဖို့အချိန်တန်ပြီ... ဒါပေမယ့် ဘယ်စျေးနဲ့တင်သွင်းရမလဲ မသိလို့ ထုံးစံအတိုင်း ကုမ္မဏီကလူလာမှ ကမန်းကတန်းခူးရမှာပေါ့"
"အေးဗျာ... အဲ့အချိန်ကျရင် လာခေါ်ပေါ့။ ကျုပ်အားရင်ကူလို့ရတယ်"
"အေးပါ... မြေပဲနုတ်တာမပြီးရင် မနက်ဖြန် လာဆက်ကိုလည်းခေါ်သွား။ သူကတစ်နေ့တစ်နေ့ အိမ်မှာပဲနေပြီး သေနတ်တွေပဲကြည့်နေတာ"
"အခြေအနေကြည့်ဦးမယ်... လူလိုရင်ထပ်ခေါ်မယ်...သွားပြီ..."
ဖြန်း!
နွားကိုညင်သာစွာရိုက်ပြီး ခရီးဆက်တော့၏။ ထို့အတူတိမ်ပြယ်ရောင်စဥ်လည်း မြူများဝေနေသော တောင်တန်းပြာကို ငေးပြီး အဖေ့ကိုသတိရသွား၏။ အဖေနှင့်မတွေ့ရတာ နှစ်လကျော်လေပြီ။ သူလည်းကျောင်းတစ်ဖက်နှင့် အဖေကလည်းကျောင်းတစ်ဖက်နှင့် တွေ့ရန်မလွယ်။
YOU ARE READING
တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]