Part-17

4.2K 469 163
                                    

မြေပြင်လူးလွန့်နေသော ငါးများကို သူကောက်ယူပြီး အမြန်ထရပ်ကာ တိမ်ပြယ်ရောင်စဥ်ကို လှည့်ကြည့်လိုက်သည်။

"ငါးတွေ ကျုပ်ယူသွားတယ်နော်... အိမ်ရောက်မှ နပန်းမလုံးကြေး"

အနောက်ရှိ မြက်ပင်များပေါ်သို့လက်ထောက်ထားပြီး ထိုင်နေသောတိမ်ပြယ်က ခပ်တည်တည်သာ ခေါင်းညိတ်၍ ထွက်သွားသည့်သူ့ရဲ့ကျောပြင်ကိုငေးကြည့်နေမိ၏။ ပြီးမှ ဟက်ခနဲရယ််မိကာ အင်္ကျီကိုပြန်ကောက်ဝတ်လိုက်သည်။

သူလည်း တိမ်ပြယ်ရဲ့ ရင်ဘက်ကို ကြည့်၍ ငြိမ်သက်နေသည်မဟုတ်ပါလား။ မဟုတ်မှ အားကျနေ၍များလား။ အင်းပေါ့လေ..တိမ်ပြယ်တို့က ခန္ဓာကိုယ်အဖွဲ့အစည်း အရမ်းမိုက်နေသည်ကိုး။ ဒါမှမဟုတ်လျှင်လည်း သူ့အပေါ်ကအုပ်မိုးနေသောကြောင့် ရှက်ကာငြိမ်နေတာများလား။

"တိမ်ပြယ်"

"အမေ့! လန့်တာဟာ... ခုလုံးရာ"

"နေစမ်းပါဦး ငါးတွေမဖမ်းပဲ ဒီမှာ ဘာထိုင်ပြုံးနေတာတုန်း"

"အမ်... အခုပဲဆင်းဖမ်းမလို့ပါ။ ဘယ်မှာပြုံးနေလို့လဲ"

တိမ်ပြယ်က ခု့လုံးကိုအောင့်သက်သက်ကြည့်ပြီး ပုံးကိုဆွဲကာ ရေကန်အသေးထဲသို့ဆင်းသွားတော့၏။ ခုလုံးကတော့ သူ့ကိုနားမလည်စွာကြည့်ပြီး ခွန်ဇွဲနိုင်ကို မေးပင့်ပြသည့်အခါ ခွန်ဇွဲနိုင်လည်း မသိဘူးဟု ဆို၍ ပုခုံးတွန့်ပြတော့၏။

"တိမ်ပြယ် ငါတို့အရင်ပြန်နှင့်မယ်နော်"

"အေးအေး... ပြန်နှင့် ငါကခြံထဲတစ်ချက်ဝင်ရဦးမှာမို့ ကြာဦးမယ်"

ပုဆိုးကို ခပ်တိုတိုပြန်ဝတ်၍ ဖမ်းမိထားသော ငါးများကို ရေကန်အကြီးဆီသို့ ရေဆေးရန်ထွက်လာခဲ့သည်။ ခု့လုံးတို့လည်း ငါးပုံးကိုထမ်း၍ ရွာအဝင်လမ်းအတိုင်း ရွာထဲသို့ဝင်လာကြတော့၏။ ထို့နောက် တိမ်ပြယ်လည်း ငါးများကို ရေ​ဆေးချလိုက်တော့သည်။

ငါးအကြီးအသေးကို သပ်သပ်စီခွဲထား၍ ကန်နံဘေးကကြာရွက်များကို ခူးယူပြီး ဘွားဘွားအတွက်ထုပ်သပ်သပ်စီထုပ်ပေးလိုက်သည်။

တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]Where stories live. Discover now