စမ်းချောင်းကရေချိုးပြီး တဲအိမ်သို့ပြန်ရောက်သည့်အခါ သူကအိပ်ရာထဲတွင် ကိုယ်တစောင်းလှည့်၍ ကျောပေးကာအိပ်နေသည်။ ပုံမှန်ရက်များဆိုလျှင် တူတူးရေ ဘာညာနှင့် မေးမြန်ခြံထဲပတ်လည်ဖြစ်သည်။အထူးသဖြင့် ညနေခင်းအချိန်ဆိုလျှင် တူတူးနှင့်ဘောလုံးကစားနေတတ်သည်။
အခုပြန်လာနေတာကို သူကြားသော်လည်း မသိသလိုနေပြ်ီးလှည့်ပင်မကြည့်။ ဇေးလ်ကလည် သူဘာဖြစ်နေတာလဲဟု သိချင်၍အနားသို့ဖြေးဖြေးချင်း ချင်းကပ်လာပြီး ချောင်းကြည့်သော်လည်းသူက မသိချင်ဟန်ဆောင်နေသည်။
"အဟမ်း....တူတူးရေ "
"ဂျာ ဒယ်..."
"ဒယ်ဒယ်တို့ ထမင်းစားတော့မလား"
"ဝုတ်ဂျ..."
အခုမှရေချိုးပြီးခါစ တူတူးလေးက ဆပ်ပြာနံ့သင်းသင်းလေးနှင့် သူ့အအဖေအနားတွင်ကပ်ထိုင်နေသော်လည်း သူ့အဖေကတုတ်တုတ်မှမလုပ်။
"ဖေဖေ့ကို နိုးလိုက်ပါဦး ထမင်းစားမယ်လို့"
ထမင်းဝိုင်းပြင်ရင်း တူတူးကိုလှမ်းပြောသောကြောင့် တူတူးလည်း သူ့အဖေကိုယ်ပေါ်တက်ခွကာ နိုးလိုက်တော့သည်။
"ဖေ့...ထတော့ယေ...မမ်းမမ်းချားမယ်"
တူတူးက သူ့ကိုယ်ပေါ်တွင်ထိုင်ပြီး ခုန်ဆွခုန်ဆွလုပ်နေသောကြောင့် ခါးပင်အောင့်ချင်လာသဖြင့် တူတူးကိုမ,ကာကြမ်းခင်းတွင်ပြန်ထိုင်ခိုင်းသည်။ ထိုအခါ သူကထထိုင်လာ၍ သူ့ကိုပြူးကြောင်ကြောင်ကြည့်နေသော လူနှစ်ယောက်ကို တစ်ယောက်တစ်လှည့် လိုက်ကြည့်ပြီး...
"မင်းတို့ ငါ့စကားကိုနားမထောင်ဘဲနဲ့ ဘာလို့ပြန်လာတာလဲ"
"ဂျာ"
"အမ်..."
သူ့ရဲ့စကားကြောင့် ရေချိုးပြန်လာသည့် ကလေးနှစ်ယောက်လည်း ကြောင်ကာ သူ့ကိုပြူးကြည့်နေကြသည်။ အူကြောင်ကြောင်လုပ်နေသော လူနှစ်ယောက်ကို ကြည့်ပြီး သူဒေါသထွက်လာ၏။ ဒီလောက်စိတ်တိုနေတာတောင် အဖက်မလုပ်ဘဲ မသိသလိုသာထမင်းဆက်ခူးနေသည့် ဇေးလ်ကိုလည်း ဒေါသထွက်သည်။
YOU ARE READING
တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]