Part-5

6.2K 595 202
                                    

[Unicode]

လှဲအိပ်နေရင်း ကြယ်မှိန်မှိန်လေးများကို မော့ကြည့်နေကြ၏။ ဇိမ်းက ကြောက်တတ်သောကြောင့် အလယ်တွင်အိပ်ပြီး တိမ်ပြယ်က စိတ်အရှုပ်မခံနိုင်သောကြောင့် ဘေးဆုံးတွင်သီးသန့်အိပ်လေသည်။ အစွန်ဆုံးတွင် ခွန်ဇွဲနိုင်နှင့် ခု့လုံးအိပ်ပြီး ဇိမ်းနှင့် တိမ်ပြယ်ကြားတွင် အတ္တပလက်လှန်၍အိပ်နေသည်။

"မင်းတို့ အိပ်ကုန်ကြပြီလား"

တောထဲတွင်မအိပ်ဖူးသည့် ဇိမ်းက တော်ရုံနှင့်အိပ်မပျော်။ အစွန်ဆုံးနှစ်ယောက်က အိပ်မောကျပြီး ဟောက်သံများပင်ကြားနေရပြီ။ တိမ်ပြယ်က ဘေးတစ်စောင်းလှဲ၍ လက်ကိုခုအိပ်ထားသည်။

"မင်း မပင်ပန်းဘူးလား အိပ်တော့"

"အိပ်လို့မပျော်ဘူး စကားပြောရအောင်"

"ဇိမ်းရာ မိုးချုပ်နေပြီ သူများတွေအိပ်ပျော်ကုန်ပြီ"

"အတ္တ မင်းကလည်း အိပ်မပျော်သေးပါဘူး"

တိမ်ပြယ်သည် သူတို့နှစ်ယောက်ပြောသည့် စကားများကို မျက်လုံးမှိတ်ပြီး နားထောင်နေရုံသက်သက်ပင်။ တစ်ခါမှ ဒီလောက် မပင်ပန်းဖူးသောကြောင့် ညှောင်းညာ၍ အိပ်ရန်ခက်နေသည်။

"ကဲ...ဘာပြောမလဲ "

"ဟိုလေ... တစ်ခုမေးချင်လို့ လိင်တူချစ်သူတွေကို အရင်ဘဝကဆုတောင်းမှားခဲ့သူလို့ ပြောကြတယ်နော်၊ ဒါပေမယ့် အခုခတ်က လိင်တူချစ်သူတွေကို ဆုတောင်းမှားတဲ့သူလို့ မသတ်မှတ်ဘဲ အားပေးထောက်ခံကြတယ်.. . အဲ့တာ မင်းဘယ်လိုမြင်လဲ"

"ဟာ...ဘာတွေလာမေးနေတာလဲ။ ငါကဘယ်လိုမြင်ရမလဲ "

"မဟုတ်ဘူးလေ မင်းသာသူတို့ထဲက တစ်ယောက်ဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ"

"ဟ...ငဇိမ်းမအိပ်သေးဘူးလား၊ ငါ့ကိုဘာတွေလာမေးနေတာလဲ"

"မင်းမဖြေရင် ငါမအိပ်ဘူး ပြောလိင်တူစုံတွဲတွေကို ဘယ်လိုမြင်လဲ"

"ဟင်း...မသိဘူး ပြီးတော့ ငါတို့လူမျိုးက လိင်တူချစ်ကြိုက်တာကို ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်ဆိုတာ မင်းသိရဲ့နဲ့ ငါ့လာမေးရတယ်လို့"

တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]Where stories live. Discover now