Part-8

4.6K 546 82
                                    

[Unicode]

ဒီနေ့ နေသာသောကြောင့် တိမ်ပြယ်တို့ နွားလှည်းဖြင့် လူကြုံလိုက်စီးခွင့်ရခဲ့သည်။ မိန်းကလေးအဖွဲ့လည်း အရှေ့တွင်ထိုင်၍ ယောက်ျားလေးဖြစ်သည့် တိမ်ပြယ်တို့က အနောက်တွင် ခြေတွဲလောင်းချ၍ထိုင်ရ၏။

မနေ့ကမိုးရွာထားသောကြောင့် မြေနီလမ်းချိုင့်ခွက်များတွင် ရေများရှိနေသည်။ လှည်းဘီးက ချိုင့်ခွက်ထဲကျတိုင်း ရွှံ့များထလာသောကြောင့် တိမ်ပြယ် ခြေထောက်မြောက်ထားရ၏။

"အစ်ကို ခြေထောက်ကို အပေါ်တင်လိုက်ပါလား၊ အဲ့လိုဆိုညောင်းနေမယ်"

ခွန်ဇွဲနိုင်ရဲ့ စကားကြောင့် အတ္တနောင်မှူး မဲ့လိုက်၍ တိမ်ပြယ့်အားတစ်ချက်ကြည့်ကာ မသိသလိုနေလိုက်သည်။

"အတ္တ မင်းအရှေ့တိုးပေးဦး ဒီမှာခြေထောက်ချရတဲ့လူတွေ ညောင်းတယ်"

"တိုးလို့မရတော့လို့ပေါ့ "

အတ္တနောင်မှူးသည် တိမ်ပြယ်အတွက် တမင်သက်သက်နေရာမဖယ်ပေးချင်၍ဖြစ်သည်။

"ရပါတယ် ညီလေး... တစ်ချို့က သူမပိုင်တဲ့အရာတွေတောင် လောဘတက်ချင်ကြတာပဲ"

တိမ်ပြယ်ရဲ့ တုန့်ပြန်မှုကြောင့် အတ္တသွားကြိတ်လိုက်သည်။ အမြဲတမ်း မိမိအား ကောင်းကောင်းမဆက်ဆံသည့် တိမ်ပြယ်ကို အခဲမကြေပါ။ နောက်နေ့ကျလျှင် သူနှင့်တစ်ဖွဲ့တည်းမသွားနိုင်တော့ပါ။ မိမိစက်ဘီးဖြင့်သာ ကျောင်းသွားတော့မည်။

__________________________________

"အတ္တနောင်မှူး!"

"ဘာလဲ ငါ့နာမည်ကိုအပြည့်အစုံခေါ်နေစရာမလိုဘူး"

ဘုန်း!

စာအုပ်ကို ခုံပေါ်တွင်ထုချတော့ မျက်စောင်းထိုးကာ ကလန်ကဆန်ပြန်လုပ်သည့် အတ္တနောင်မှူးကြောင့် တိမ်ပြယ် စိတ်ပျက်သွားသည်။ အပတ်စဥ် အမှတ်များလည်း မကောင်း။ အခန်းထဲတွင်လည်း အမြဲတမ်းဘိတ်ချီးရောက်နေတာတောင် ဒင်းကစာမလုပ်ချင်။

"မင်း ဒီညစာလုပ်ရမယ် နောက်အပတ်စာမေးပွဲရှိတယ်"

"မလုပ်ဘူး! ဒီညလပြည့်ညမို့ တောထွက်မယ်"

တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]Where stories live. Discover now