[Unicode]
ဒီမိုးနှင့်တော့ ပြေသုဇေးလ်အတွက် အလုပ်သွားရန်အဆင်မပြေလှ။ ကုန်စုံဆိုင်က အဒေါ်ကြီးလည်း အချိန်နည်းနည်းနောက်ကျလျှင် ပွစိပွစိလုပ်တာမနားတော့။ ညနေပိုင်း အရက်barတွေလည်း စိတ်မွန်းကျပ်နေအောင် ဧည့်ခံရဦးမည်။
အိမ်ပြန်နောက်ကျသည့်ရက်က များနေပြီ။ အတည်တကျနှင့် အလုပ်တွင်ပဲညအိပ်ရသည့် အလုပ်များမရှိဘူးလား။ ဟိုပြေးဒီပြေးရနှင့် ရသည့်လစာလည်း သိပ်မကိုက်။ မန်နေဂျာကိုလက်တို့မေးရဦးမည်။ အခြားအဆင်ပြေသည့်အလုပ်များ ရှိမလားပေါ့။
စုထားသည့်ပိုက်ဆံထဲက ၁၅%ကို စစ်တိုက်နေသည့် လက်နက်ကိုင်အဖွဲ့ကို လှူလိုက်သည်။ နောက်ဆုံး နေစရာမရှိလျှင် လက်နက်ကိုင်အဖွဲ့ထဲဝင်ပြီး ဘဝကိုစစ်ပွဲထဲတွင်ပဲ အဆုံးသတ်တော့မည်။ ကရင်နီပြည်ဖက်တွင် ပိုတိုးတက်နေသောကြောင့် အယူသီး၊အယူသန်သည့်လူမရှိ။
သို့သော်လည်း မိမိတို့ရွာဟောင်းက အယူကိုဘုရားလို ကိုးကွယ်ထားသည်။ စိတ်ပင်ပန်းနေသည့်အချိန် စိတ်ထွက်ပေါက်ရှာချင်မိသော်လည်း အချိန်က တစ်စက္ကန့်ပင်မရ။ သူ့ ဘဝကလည်း ပင်ပန်းလိုက်တာ။
"သား... ဒီရက် ညနေပိုင်းအလုပ်မသွားဘူးလား"
အငြိုးများဖြင့် ရွာနေသော မိုးကိုပြတင်းပေါက်ကနေ ငေးကြည့်ရင်း ခြေသံဖွဖွနှင့် ဝင်လာပြီး မေးနေသော အမေဖြစ်သူကြောင့် အတွေးများကိုဖြတ်ပြီး ပြတင်းပေါက်ပြန်ပိတ်လိုက်သည်။
"ဟုတ်... ခဏနေကျရင်သွားမယ် မိုးတိတ်မလားလို့ စောင့်နေတာ မတိတ်နိုင်ဘူးပဲ"
"သားရယ်... အလုပ်လုပ်တာ အရမ်းပင်ပန်းနေမှာပဲ ညဆိုင်းမဝင်ပါနဲ့လား"
"ရပါတယ်အမိုး မကြာခင် သားအလုပ်သစ်တစ်ခုထပ်ရှာလိုက်မယ်။ အချိန်ပိုင်းမဟုတ်ဘဲ အတည်တကျအလုပ်မျိုးပေါ့။ သားက အလုပ်မှာပဲ အိပ်ချင်တာ အိမ်ကအရမ်းဝေးတော့ ကယ်ရီခကတစ်ဖုံ"
ကျောပိုးအိတ်လေးထဲကို လှဲစရာအဝတ်ပိုတစ်စုံထည့်ပြီး ခေါက်ထီးလေးကို ယူကာအပြင်ထွက်လာခဲ့သည်။ အမိုးကတော့ သူ့အနောက်ကပ်လိုက်၍....
YOU ARE READING
တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]