Part-22(2)

4K 412 65
                                    

"ကိုကို မလုပ်နဲ့ထားခဲ့လိုက်"

ကျောင်းပိတ်ရက်တိုင်း လာကူတတ်သော ဇိမ်းက သူ့ကိုအလုပ်မလုပ်ခိုင်း။ ယခုလည်း ကျောင်းလွယ်အိတ်လေးကို တဲအိမ်အပြင်တွင်ချ၍ သူ့အနားလာပြီး လက်ထဲက လက်ဖက်ခြင်းလေးကို ဆွဲယူလိုက်သည်။

ဇိမ်းကတဇွတ်ထိုးဆန်သောကြောင့် သူလည်းဘာမှမပြောဘဲ ပြုံးကြည့်ပြီး တဲအပြင်က ဝါးဖြင့်လုပ်ထားသော စင်တွင်ဝင်ထိုင်လေ၏။ ပြီးနောက် လွယ်အိတ်လေးကို ယူကာ တဲအိမ်ထဲသို့ သွားချိတ်ပေးလိုက်သည်။

"ကိုကို ဟိုလူမလာတော့ဘူးမလား"

ကြာပါပြီ ဦးတည်ဂုဏ်ရှိန်နှင့် မတွေ့ရတာ။ ဒါကလည်းဇိမ်းကြောင့် လက်ဖက်ခြံထဲပြောင်းလာပြီး တူတူးတို့နှင့် အဆက်အသွယ်ဖြတ်ထားခြင်းသာ။ ကျောင်းပိတ်ရက်တိုင်း တကူးတကလာကူတတ်သော ဇိမ်းကြောင့် သူလည်းသက်သာခဲ့သည်။

"မလာပါဘူး...မင်းပဲ ကိုကိုနဲ့မပတ်သက်ခိုင်းတဲ့ဟာ"

"မပြောတတ်ဘူးလေ... တော်ကြာ ကိုကို့ကို ထပ်ဒုက္ခပေးရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော်က ကိုကို့ကို ထပ်ပြီးမနာကျင်ချင်ရုံပါ"

ဇိမ်းရဲ့ စေတနာကို သူနားလည်သည်။ ဦးတည်ဂုဏ်ရှိန်မရှိလျှင်လည်း တစ်မျိုးကောင်း၏။ သူလုပ်ချင်တာလုပ်၍ရသလို သူ့အားဆူငေါက်မည့်လူမရှိ။ သို့သော်လည်း တူတူးရဲ့ တီတီတာတာစကားများအား လွမ်းမိသား။

မနေ့ညအိပ်မက်ထဲမှာတောင် တူတူးနှင့်ဆော့သေးသည်။ ကလေးတစ်ယောက်ကို သူဒီလောက်သံယောဇဥ်တွယ်မိ၏။ ဦးတည်ဂုဏ်ရှိန်ကို မလွမ်းဘူးဟု သူမဆိုလိုချင်ပါ။ တစ်ခါတစ်ရံ သြရှရှဆူငေါက်သံများကို ကြားချင်သည်။

"ကိုကို ဘာတွေငေးနေတာလဲ"

"ဘာမှမဟုတ်ဘူး... ဗိုက်ဆာပြီလား"

"မလိမ်နဲ့ မျက်နှာတွေနီရဲနေတာပဲ။ အဲ့ကြောင့် နေပူထဲအလုပ်မလုပ်ပါနဲ့လို့"

"မဆိုင်ပါဘူး ဇိမ်းရာ... မျက်နှာက ဒီလိုပဲ နေပူထဲခဏနေရင် ရဲတက်လာတာပဲ"

ခပ်အုပ်အုပ် ဆံနွယ်များက နဖူးထက်ကပိုကရိုကျနေပြီး ရဲတတ်နေသော ပါးမို့မို့လေးက အညိုရောင်မျက်ဝန်းနှင့် လိုက်ဖက်နေ၏။ တစ်ခါတစ်လေ ယောက်ျားဖြစ်ပါလျက်နှင့် ကိုကိုဟာ ဒီလိုနုဖပ်ပြီး အသားအရည်လှသည်။

တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]Where stories live. Discover now