မြို့ထဲပတ်၍ ကားမောင်းနေသော သူ့ကို ဇေးလ်ကဘာမှမပြောဘဲ ဘေးတွင်သာ ငြိမ်ငြိမ်လေးပါလာ၏။ အရှေ့တည့်တည့်ကိုပဲ အကြည့်ပို့ထားသည့် ဇေးလ်ကို ခဏခဏလှည့်ကြည့်ကာ သူကျေနပ်စွာပြုံးမိတော့သည်။ ညနေ၆နာရီခွဲနေပြီ။ မြို့ထဲတွင်လည်း မီးရောင်စုံများက ထိန်ညီးနေပြီ။
ဇေးလ်လည်း ဗိုက်အတော်ဆာနေပြီ။ သို့သော် ဒီညနေစာက အစားမြိန်တော့မှာဘဲ ဟုတွေးရင်း တစ်ယောက်သောသူကို ဒေါသထောင်းခနဲထွက်မိ၏။
"ခဏလေးပဲ ထပ်စောင့်နော်"
ကားကိုတည်ငြိမ်စွာမောင်းရင်း သူလှည့်ပြောသော်လည်း ကောင်ငယ်လေးက ခပ်တည်တည်သာငြိမ်နေတော့၏။ ဒါကိုလည်း သူအပြစ်မမြင်ရက်ပါ။ ကောင်လေးအပေါ် ဒေါသထွက်မိတာ အတော်ကိုများနေပြီ။
ဇေးလ်ကတော့ စိတ်နှင့်ကိုယ်မကပ်သလို တွေတွေလေး အရှေ့ကိုငေးကြည့်နေ၏။ ခဏအကြာတော့ ခြံဝန်းကြီးရှေ့တွင်ကားထိုးရပ်၍ သူဟွန်းတီးလိုက်သည်။ ထိုအခါ ဇေးလ်က သတိဝင်လာ၍ ကားထိုင်ခုံမှီထားရာမှ ကိုယ်လေး မှတ်သွားသည်။
မဟုတ်မှ ဇေးလ်ကို အိမ်ခေါ်လာတာလား။ သူ့ကို မျက်လုံးအဝိုင်းသားနှင့်လှည့်ကြည့်တော့ သူကလေသံအေးအေးဖြင့်..."စိတ်မပူပါနဲ့ ခြံထဲပြန်လိုက်ပို့မှာ အခုတူတူးက မင်းကိုတွေ့ချင်လို့တဲ့"
ကားတံခါးဖွင့်၍ သူထွက်လာသည်နှင့် အိမ်ထဲကနေ တူတူးလည်းအပြေးတစ်ပိုင်းနှင့် ပြေးထွက်ကာကြိုနေသည်။ ဇေးလ်လည်း တူတူးကိုမြင်သည်နှင့် တံခါးဖွင့်ကာဆင်းလာခဲ့သည်။
"ဖေ့...ဒယ်ပါရား..ဟင်"
မတွေ့ရသည့် နှစ်ရက်အတွင်း တူတူးလေးကိုလွမ်း၍. သေချာပွေ့ဖက်ထားမိ၏။ ဇေးလ်အတွက်သာမဟုတ်လျှင် တူတူးကိုသူပစ်ထားမိမှာမဟုတ်။ ဒီကလေးက သူ့ရဲ့အသက်သွေးကြောဖြစ်နေသောကြောင့် ဘယ်အရာထက်မှ သူအလေးမထားပါ။။ အဖေဖြစ်သူကို ဖက်ထားရင်းမှ ဇေးလ်ကို ဝေ့ရှာနေသောတူတူးကို လွတ်လိုက်သည်။
"အရား...ဒယ်... ဟင့်!..ဒယ်ဒယ်...ပြန်ရာပြီရား"
ဇေးလ်ကိုမြင်သည်နှင့် အဖေဖြစ်သူရဲ့ရင်ခွင်ထဲက ထွက်ကာ ဇေးလ်ရဲ့ခြေထောက်ကိုပြေးဖက်၍ မျက်ရည်အဝိုင်းသားနှင့် ငိုနေသည်။
![](https://img.wattpad.com/cover/270733128-288-k56917.jpg)
YOU ARE READING
တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]