Part-24(2)

4.7K 415 14
                                    

Unicode

နံနက်၆နာရီက အစိမ်းရောင်တောတခွင် မြူများအုံ့ဆိုင်းပြီး နှင်းရည်များတဖြောက်ဖြောက်ကျဆင်းနေသည်။ အအေးဓာတ်ပိုနေသော ကလောမြို့ရဲ့ တောင်ကုန်းတစ်ခုပေါ်တွင် တည်ခိုးနေသော စံအိမ်ထဲ၌ အိပ်မောကျနေသည့် ကောင်လေး။

"အင်..."

သူ့ကိုကျောပေးထားရင်မှ မျက်နှာလှည့်လာသော ကောင်လေးက ယခုထိမနိုးချင်သေးသည့်ပုံ။ ခါးအထိလျောကျနေသော နှစ်ယောက်ခြုံစောင်လေးကို ပုခုံးအထိလွှားခြုံပေးလိုက်သည်။ အိပ်မောကျနေသောကောင်လေးရဲ့ ပါးပြင်ကို တို့ထိပြီး အနမ်းခြွေချ၏။ ပြီးနောက် ကိုယ်ပေါ်ကစောင်လေးကို ဖယ်ချပြီး ရေချိုးခန်းထဲဝင်လိုက်သည်။

မနေ့ကလည်း ရေမချိုးပေးဘဲ ရေပတ်သာတိုက်ပေးထားသည့်အတွက် သည်မနက်ကောင်လေး ရေချိုးရန်ပြင်ပေးလိုက်သည်။ အခန်းလိုက်ကာကိုဖွင့်ပြီး အပြင်ကိုလှမ်းကြည့်လိုက်တော့ နှင်းရည်စက်များက ထင်းရှူးရွက်ပေါ်တွင် တွဲခိုနေ၏။

ပြတင်းပေါက်ကို ဖွင့်ရန်လုပ်သော်လည်း လေအေးများက အခန်းထဲပြေးဝင်လာသောကြောင့် လူးလွန့်သွားသည့် ကောင်လေးကိုကြည့်ပြီး ပြန်ပိတ်လိုက်သည်။ ရာသီဥတုက ပိုအေးနေသောကြောင့် ရေချိုးခန်းထဲ ပြန်ဝင်ပြီး ရေနွေးစပ်ထားလိုက်၏။

တစ်ခန်းစာ စံအိမ်အသေးက အရမ်းကြီးကျဥ်းနေတာမျိုးမဟုတ်။ နှစ်ယောက်အိပ်ခုတင်နှင့် ရေချိုးခန်းကသီးသန့်ရှိသည်။ ပြီးတော့ကိုယ်တိုင်ချက်ပြုတ်ရန် မီးဖိုအသေးလည်း အခန်းထောင့်တွင်ရှိ၏။ အပြင်ဝရံတာတွင် ရေစိမ်ကန်အဝိုင်းလေးတစ်ခုရှိသည်။ အပြင်အဆင်ကလည်း သဘာဝကျရုံမကဘဲ ဝန်ဆောင်မှုကောင်းသောကြောင့် လူကြိုက်များသည့် အပန်းဖြေစံအိမ်ဖြစ်နေ၏။

"ကလေး ဗိုက်ဆာနေတော့မှာပဲ"

မျက်နှာသစ်ပြီး မနေ့ညက ကိုးလ်အသင့်ပြင်ပေးထားသော အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဝတ်၊ ဆံပင်ကို ဂျယ်အနည်းငယ်ဖြန်းပြီး အပေါ်လှန်တင်လိုက်သည်။ အပေါ်ထပ်တွင် ကုတ်အင်္ကျီထပ်ဝတ်ပြီး အပြင်ထွက်လာခဲ့သည်။

တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]Where stories live. Discover now