ဦးတည်ဂုဏ်ရှိန်စီစဥ်ပေးသည့်အတိုင်း ဆင်တူပုဆိုးများဝတ်ဆင်ပြီး ရပ်ကွက်ထဲရှိဘုန်းကြီးကျောင်းတွင် မင်္ဂလာဆွမ်းကပ်လိုက်သည်။ တရားနာပြီး အိမ်ပြန်လာသည့်အခါ အိမ်တွင် ချည်မျှင်ဝတ်ပေးသည့် လူများ ရောက်နှင့်နေပြီးသား။
"ဇေးလ် အဝတ်အရင်လဲမလား"
"ဟင့်အင်း လူကြီးတွေကို အားနာစရာကြီး သားတို့ ချည်မျှင်အရင်ဝတ်ရအောင်"
ချည်မျှင်ဝတ်ပြီးလျှင် အလုပ်မရှိသောကြောင့် ပြီးမှ အေးဆေးနားမည်ဟု ဆုံးဖြတ်လိုက်ကြ၏။ ဇေးလ်၏ မျက်နှာက သိပ်မလန်း အမြဲတမ်းငိုင်နေသောကြောင့် လက်ခဏခဏ ဆုပ်ကိုင်ပေးရသည်။
အဘိုးအဘွားများဆီက ချည်မျှင်များလက်ခံပြီးသည်နှင့် နှစ်ယောက်လုံး ပင်ပန်းစွာ အခန်းသို့ တက်လာ၏။ တူတူးလည်း ချည်မျှင် တောင်းဝတ်ကာ ပျော်နေရှာတော့၏။ ဦးတည်ဂုဏ်ရှိန်က တူတူးကိုချီပြီး သူ့ရဲ့လက်တစ်ဖက်ကို ဆွဲကာ အခန်းထဲဝင်လာ၏။
"ဖေ့..."
"ဟေ...ဘာလဲ ဖေဖေ့သားလေး"
"ဒယ်ဒယ့်ကို ချိရား..."
ခုတင်ပေါ်တင်ပေးလိုက်သည်နှင့် မေးလာသော တူတူးကြောင့် ဇေးလ်မျက်နှာ ရဲတက်လာသည်။ ဦးတည်ဂုဏ်ရှိန်ကတော့ တူတူးအမေးကြောင့် ဇေးလ်ရဲ့လက်ကို ဆွဲယူပြီး သူ့အနားတွင် ထိုင်ခိုင်း၍...
"ချစ်တာပေါ့ ဖေဖေက ဒယ်ဒယ်ကို အရမ်းချစ်တယ်"
"အဟိ... တားတားကိုယဲ ချိလား"
"သားသားကိုလည်း ချစ်တယ်"
"ဒါချို ဒယ်နဲ့တား ဘယ်ဒူ့ကို ပိုချိယဲ"
တူတူး၏ မေးခွန်းကြောင့် ဇေးလ်လည်း သူ့ကိုမော့ကြည့်ပြီး သူ့အဖြေကို စိတ်ဝင်စားစွာစောင့်နေ၏။ သူကတော့ ခပ်ရေးရေးပြုံးပြီး စဥ်းစားဟန်ပြုကာ...
"သေချာပေါက် ဒယ့်ကို ပိုချစ်တာပေါ့၊ တူတူးက ဆိုးတာကို။ ဖေဖေက ဒယ့်ကိုပိုချစ်တယ်"
"ဟင့်....ဖေ့ ချီးထုပ်...အီး လူဆိုးကြီး...ဟင့် သွားမယ် ဖေ့နဲ့နေဝူး"
သူ့ရဲ့အဖြေကြောင့် တူတူးများ ချက်ချင်းငိုယိုပြီး ခုတင်ထက်က လျှောဆင်းကာ အပြင်ထွက်ရန်ပြင်တော့၏။ ဇေးလ်က လိုက်ခေါ်ရန်လုပ်သော်လည်း သူကဇေးလ်ကို ဖမ်းချုပ်ထားလိုက်၏။
YOU ARE READING
တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]