အိမ်ထဲတွင် ချက်ပြုတ်သံတစ်ချို့ကြားနေရသော်လည်း ခြံထဲမဝင်ရဲ။ ခန္ဓာကိုယ်တစ်ခုလုံး အင်အားများဆုတ်ယုတ်နေပြီး ကောင်းကောင်းပင်မရပ်နိုင်။ လျှောက်လာရသည့် လမ်းကလည်း အဝေးကြီးမို့ လူကနွမ်းနေပြီ။ ခြံအပြင်တွင်သာ အချိန်အကြာကြီးရပ်နေမိ၏။
ချလွင်!
"ဟင်... ကိုကို "
"ဇိမ်း!"
ပြေသုဇိမ်းက အမှိုက်ပစ်ရန် အပြင်ထွက်လာပြီး ခြံတံခါးဝတွင် ထိုင်နေသော သူ့အားမြင်သည်နှင့် အံ့သြသွား၏။ သူလည်းညီလေးဖြစ်သူအား မြင်သောအခါ ဝမ်းသာ၍သက်ပြင်းမျာမိတော့သည်။
"ကိုကို... မိုးရွာနေတယ်လေ... ဘာလို့အပြင်မှာရပ်နေတာလဲ"
ဟုတ်ပါသည် တစ်မနက်လုံး မိုးများကတဖွဲဖွဲကျနေ၏။ မိဘများကို မည်သို့ပြန်ပြောပြရမည်နည်းဟု တွေးရင်းမိုးဖွဲများကိုပင် သူမေ့နေခဲ့သည် မဟုတ်ပါလား။
ဇိမ်းကတော့ သူ့ကိုနားမလည်သလိုကြည့်၍ နားမလည်သည်ကအမှန်ပေ။ ချောင်ကျသွားသည့် သူ့မျက်နှာကို စိတ်မကောင်းစွာကြည့်၍ တွဲထူလိုက်သည်။
"ကိုကိုရာ... ဘာတွေဖြစ်တာလဲ။ နေမကောင်းဘူးလား"
"အင်း... "
"သူဌေးက ဘာလို့လိုက်မပို့တာလဲ။ ကိုကိုပြောတော့ အဆင်ပြေတယ်ဆို"
ဇိမ်းကို သူခပ်ဖျော့ဖျော့လေးသာပြုံးပြပြီး ခေါင်းယမ်းလိုက်သည်။ ဇိမ်းကတော့ သူ့ကိုနားလည်မည်မထင်။ အစ်ကိုဖြစ်သူကို စိတ်မကောင်းစွာကြည့်ပြီး အိမ်ထဲသို့တွဲခေါ်လာခဲ့သည်။
အိမ်ထဲရောက်သည့်အခါ အမေဖြစ်သူက မီးဖိုခန်းမှထွက်လာ၍ သူ့အားမြင်သွားသည်။ အမေဖြစ်သူက သူ့အားကြည့်ပြီး အနားလျှောက်လာခဲ့၏။
"သား... ဘာဖြစ်လာတာလဲ တစ်ကိုယ်လုံးလည်း ကြွတ်စုတ်ကျနေတာပဲ"
"အင်း... သားနေမကောင်းလို့ အိမ်ပြန်လာတာ"
အမေဖြစ်သူလည်း သူ့ကိုမယုံနိုင်သလိုကြည့်ကာ မေးစရာမေးခွန်းများနှင့် ပြည့်နှက်နေမည်ဆိုတာ သူသိသည်။ သို့သော်လည်း အိပ်ခန်း၌ အနားယူခိုင်းပြီး ဘာမှမမေးဖြစ်။ အိမ်ပြန်လာရတော့ ဇိမ်းနှင့်အမေကြောင့် စိတ်ဒဏ်ရာအနည်းငယ်ပျောက်လာသည်။ မိသားစုအရိပ်က အရမ်းနွေးထွေး၏။
YOU ARE READING
တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]