.ဝမ်ရိပေါ် လွှတ် ငါ့ကိုအခုလွှတ်ပေး ဝေါယာဉ်ကိုရပ်ခိုင်းပေး.
.မရပ်ခိုင်းပေးဘူး ရှောင်းကျန့် မင်းငါ့ကိုမင်းသားတစ်ပါးအနေနဲ့တော့ လေးစားရမယ်.
.မလေးစားနိုင်ဘူး အရင်ကလေးစားခဲ့မိရင်တောင် အခုတော့မလေးစားနိုင်တော့ဘူး လွှတ်.
ချုပ်ထားသည့်လက်ကလေးတွေကို လွတ်မြောက်ရန်အတင်းပြန်လည် ရုန်းကန်နေသည့်သူကြောင့် လက်တွေကိုအားထည့်ကာဖိဆုပ်ကိုင်ထားမိသည်။ ရှေ့ကမောင်းနေသည့်သူတော့မသိ အထဲမှာတော့ကျန့်ကောအတင်းရုန်းကန်နေတာကြောင့် တော်တော်လေးကိုယောက်ယက်ခတ်နေလေပြီ။
.ငြိမ်ငြိမ်နေစမ်း ကျန့်ကော ကိုယ်မင်းကိုအသားနာအောင်မလုပ်ချင်ဘူး.
.အခုလည်းဘာထူးလို့လဲ နာနေရတာပဲမဟုတ်ဘူးလား ဒီ့ထက်ပိုပြီးဘာများလုပ်ချင်သေးလိ့ုလဲ.
.ကျစ် ကိုယ်တော်မင်းကိုလုပ်လို့ရတာတွေအများကြီးနော် ချစ်လွန်းလို့ မလုပ်ပဲသက်ညှာပေးထားတာ.
.မညှာပါနဲ့လုပ်ပစ်လိုက်ပါ မင်းလိုလူရဲ့ပါးစပ်က ညှာတာတယ်ဆိုတာနဲ့မလိုက်ဖက်လွန်းလို့ပါ.
.ကျန့်ကော ဆက်ပြောနေဦးမယ်ဆိုရင် ကိုယ်တော်မင်းကိုဒီဝေါယာဉ်ပေါ်မှာတင် ယုတ်မာပစ်လိုက်မှာနော်.
.မင်းကအစကထဲက လူယုတ်မာပဲမဟုတ်ဘူးလား.
.ဟာကွာ ငါကိုယ်တော် တောက်.
ကပ်ကပ်လန်ပြန်ပြောနေသည့် ကျန့်ကောကြောင့်စိတ်တိုကာ လက်တစ်ဖက်ကရွယ်လိုက်မိပေမယ့် တကယ်တမ်းမှာမထိရက်ဘဲ လေထဲမှာပဲရပ်တန့်သွားလိုက်မိသည်။ ဒါကိုသူကအ့ံသြသွားပြီး မျက်ဝန်းတွေဝိုင်းစက်ကာကြည့်နေရင်းမှ
.သတ်ပစ်လိုက် တစ်ခါထဲသတ်ပစ်လိုက် ဝမ်ရိပေါ် မင်းလိုလူယုတ်မာလက်ထဲမှာ နေရမယ့်အတူတူသေသွားတာပဲကောင်းတယ် ငါ့ကိုသတ်ပစ်လိုက်.
.မသတ်ဘူး မင်းကိုအပိုင်ယူပြီး အနားမှာတစ်သက်လုံးခေါ်ထားမှာ ကိုယ်တော့်အနားမှာနေရလို့စိတ်ညစ်လွန်းလို့သတ်သေသွားရင်တောင် မင်းဝိဉာဉ်ကို ငါကိုယ်တော်ချုပ်ထားပြီး အနားမှာခေါ်ထားဦးမှာ.
YOU ARE READING
အရှင့်အတွက်ဆိုရင်
Historical Fictionအချစ်အတွက် တရားသည်ဖြစ်စေမတရားသည်ဖြစ်စေ ကိုယ်ကတော့မင်းကိုပိုင်ဆိုင်ရမှဖြစ်မယ် ရှောင်းကျန့်