အရှင့်အတွက်ဆိုရင် O

3.7K 292 38
                                    

.ကော အပျိုတော်ထိန်းနဲ့ဘာတွေပြောနေတာလဲ.

နောက်ကနေလိုက်လာကာ မေးလိုက်သည့်ဝမ်ရိပေါ်ကြောင့်မျက်မှောင်ကိုကြုတ်ထားလိုက်သည်။ ဟွန့် မဟုတ်တာလုပ်ထားတဲ့သူဆိုတော့ကြောက်နေမှာပေါ့။ အဖြစ်မှန်တွေသိသွားမှာကိုစိုးထိတ်နေမှာပေါ့။

.ငါသိတဲ့လူနဲ့ စကားမပြောရတော့ဘူးလား.

.မဟုတ်ပါဘူးကောရဲ့ ကိုယ်ကဒီအတိုင်းပဲ မေးလိုက်တာပါ အပျိုတော်ထိန်းနဲ့စကားပြောတာ ခဏခဏမြင်မိလားလို့.

.ဘာလဲ မသိသင့်တဲ့အကြောင်းအရာတွေများရှိနေလို့လား.

.မရှိပါဘူးကောရာ.

ရှင်းပြဖို့ကြိုးစားကာ ကိုယ့်လက်တွေကိုချုပ်ကိုင်ရန်ပြင်လာတာကို မသိချင်ယောင်ဆောင်ကာကျောခိုင်းပစ်လိုက်ပြီး

.ငါပန်းချီသွားဆွဲတော့မယ်.

.ဟင် အခုလား.

.အင်း.

.ကောကလည်း နောက်ရက်မှဆွဲပါ့လားကွ ဒီနေ့ကိုယ်အားတယ်လေ ကိုယ်နဲ့နေပါဦးလား.

.မင်းနဲ့နေပြီးဘာလုပ်ရမှာလဲ.

.စကားပြောကြမယ်လေ.

.မပြောချင်ဘူး ပန်းချီဆောင်ကိုပဲသွားမယ်.

.နေဦးကော နေပါဦးကောရယ် ဒါဆိုလည်းကိုယ်ပါလိုက်ခဲ့မယ်နော်.

.မင်းကလိုက်ပြီး ဘာရှုပ်ဥိးမလို့လဲ.

.မရှုပ်ပါဘူး ကိုယ်ဒီအတိုင်းလေးဘေးကနေထိုင်ကြည့်ရုံလေးပဲ.

....

.လိုက်ပါရစေကွာနော် ကိုယ်ငြိမ်ငြိမ်လေးနေမယ်လေ ကောပန်းချီဆွဲနေတာကိုမရှုပ်ပါဘူးလို့ ကတိပေးတယ်လေကွာ နော် နော်.

အဆောင်တော်ထဲကထွက်ရန်ပြင်နေသည့် ကို်ယ့်ရဲ့ရှေ့ကိုလာရပ်လိုက်ပြီး ပူဆာနေလေတော့ သက်ပြင်းကိုချလိုက်မိသည်။ ပန်းချီဆွဲတယ်ဆိုတာ စိတ်တည်ငြိမ်တဲ့အချိန် အေးချမ်းနေတဲ့အချိန်မှဆွဲရတာ အနှစ်သာရရှိတာလေ ဒီလိုကြီးဘေးမှာနှောင့်ယှက်မယ့်လူတစ်ယောက်ပါနေမှတော့ ဆွဲတဲ့အထဲဘယ်လိုလုပ် အာရုံရပါတော့မလဲ။ ဒါပေမယ့်ဝမ်ရိပေါ်နဲ့ဆက်ပြီးငြင်းဆန်မနေချင်တော့တာမို့် ခေါင်းကိုသာငြိမ့်ပြခဲ့လိုက်သည်။ နောက်ကနေတက်ကြွရွှင်လန်းစွာ လိုက်လာသည့်သူကြောင့် ကိုယ့်ခြေလှမ်းတွေကတော့လေးလံနေခဲ့လေသည်။ မင်းကအရမ်း ရှုပ်တာပဲဝမ်ရိပေါ်ရာ။

အရှင့်အတွက်ဆိုရင်Where stories live. Discover now