အရှင့်အတွက်ဆိုရင် I

4.5K 322 20
                                    

အဆောင်တော်ထဲမှာ ရုပ်တည်ဖြင့်ထိုင်နေသည့် ကောကိုမြင်လိုက်ရတာမို့ သက်ပြင်းချကာဝင်လာလိုက်မိသည်။ဒီနေ့ကောမိဘတွေပြန်ကြတာမို့ ကောစိတ်မကောင်းဖြစ်နေတာဖြစ်မည်။ အနားမှာဝင်ထိုင်လိုက်သည့်တိုင်အောင် ကောကမော့မကြည့်လာပဲ လက်ထဲက လက်ကိုင်ပုဝါအဖြူလေးကိုသာငေးကြည့်နေလေသည်။

.ဝမ်းမနည်းပါနဲ့ကွာ ကောသတိရရင် ချက်ချင်းပြေးတွေ့လို့ရနေတာပဲဟာ ဒါမှမဟုတ်နန်းတွင်းထဲမှာပဲ ခေါ်ထားမလား.

.မခေါ်ထားဘူး.

.ဟုတ်ပါပြီ ကိုယ်ကခေါ်ထားချင်လားလို့မေးကြည့်တာပါ ခေါ်ထားချင်တယ်ဆိုလည်း ကိုယ့်ဆီကခွင့်ပြုချက်တောင်းစရာမလိုပါဘူး ကောစိတ်ကြိုက်လုပ်ပါ.

အနားကိုတိုးကပ်လိုက်ရင်း လက်ကလေးကိုကိုင်ရန်ပြင်လိုက်တော့မျက်မှောင်ကိုကြုတ်ပစ်ကာ အလိုမကျကြောင်းသိသာစေပြီး တစ်ဖက်ကိုရှောင်ပစ်လေသည်။

.မင်းမှာ လုပ်စရာမရှိဘူးလား.

.လုပ်စရာရှိပေမယ့် အခုမှလတ်လတ်ဆတ်ဆတ် လက်ထပ်ယူထားတဲ့ ကောအနားကနေဘယ်ကိုမှမသွားချင်ပါဘူး အနားမှာပဲနေချင်တယ်.

.ဝမ်ရိပေါ် ငါ့ကိုအဲ့လိုပွတ်တီးပွတ်သပ်တွေမလုပ်ပါနဲ့ ငါမကြိုက်ဘူး.

.လုပ်မှာပဲကော.

အရင်က ချစ်ရေးဆိုထားမိတုန်းကလည်း မချစ်နိုင်ဘူးဆိုကာ အကပ်မခံ အခုအိမ်ထောင်ကျပြီးသွားတော့လည်း ဆတ်ဆတ်ထိမခံဖြစ်နေသည့်ကောကို တကယ်အားမလိုအားမရတွေဖြစ်လာနေပြီ။ မချစ်ချင်ဦး မချစ်ချင်ဦးဆိုကာ ပြောပြောပြီးအတင်းဖက်နမ်းပစ်လိုက်ချင်တာ။

.ဝမ်ရိပေါ်.

ထရပ်လိုက်သည့် ကောရှေ့မှာပိတ်ရပ်ပစ်ကာ
ရှေ့ကိုတိုးလိုက်ပြီးနောက်ကနံရံမှာ ကောကိုကပ်စေလိုက်သည်။ လက်တွေကိုဘေးတစ်ဖက်တစ်ချက်စီမှာထောက်ထားပစ်ရင်း စိုက်ပြည့်ပေးလိုက်တော့ ဒေါသကြောင့်နီရဲနေသည့်မျက်နှာလေးဖြင့် ကောက အသံတွေလည်းတုန်လာကာ

.မင်း ဖယ်.

မဖယ်ပေးနိုင်ဘူးကွာ.

.မင်းမှာအဲ့လိုလုပ်ပိုင်ခွင့်မရှိဘူးနော် ဝမ်ရိပေါ် .

အရှင့်အတွက်ဆိုရင်Dove le storie prendono vita. Scoprilo ora