အရွင့္အတြက္ဆိုရင္ U

4.2K 303 49
                                    

ရင်ထဲမှာ မွန်းကြပ်သွားသည့်ခံစားချက်နှင့်အတူ ယုံကြည်မှုအချို့လည်း ချိုးဖျက်ခံလိုက်ရသလို ပျောက်ဆုံးသွားတာမို့ နှုတ်ခမ်းကိုသာ အသာကိုက်ထားလိုက်မိလေသည်။ လုပ်ရက်လိုက်တာရိပေါ်ရယ် ငါ့အပေါ်ကိုလုပ်ရက်လိုက်တာ ။ သူမပြောတဲ့စကားတွေကြောင့်မင်းကိုနာကျည်းနေခဲ့ပေမယ့် မင်းမဟုတ်ပါစေနဲ့ဆိုတဲ့ မျှော်လင့်ချက်သေးသေးလေးတော့ ရှိနေခဲ့တာကိုမင်းသိလား။ မင်းနဲ့ပတ်သက်ပြီးဘာလို့အဲ့လောက်ထိနာကျည်းသွားရတာလဲသိလား မင်းကိုချစ်ခဲ့မိလို့ ငါချစ်တဲ့လူက ဒီလိုလူယုတ်မာတစ်ယောက်ဖြစ်နေလို့ ငါ့အချစ်တွေကိုအမုန်းတွေအဖြစ် ခေါင်းစဉ်တပ်မွေးမြူပစ်တာ မင်းရက်စက်လိုက်တာ။ မင်းကို နောက်ဆုံးအခွင့်အရေးပေးချင်လို့ စုံစမ်းဖို် ဆုံးဖြတ်ခဲ့မိတာ ငါမှားသွားတယ် မင်းကိုယုံကြည်ချင်မိသေးတဲ့ ငါအရမ်းမှားသွားခဲ့တယ် ရ်ိပေါ်ရယ်။

.အာ ကိုယ်တစ်ယောက်ထဲမဟုတ်ပါဘူး မေ့သွားလို့.

.ဟင်.

ရုတ်တရက် ရိပေါ်ကသတိရသွားသလို ပြောလိုက်သည့်စကားတစ်ခွန်းက ကိုယ့်ကိုအဲ့ခေါက်ထိပျော်ရွှင်သွားစေလိမ့်မည်ဟု ဘယ်တုန်းကမှတွေးမထားခဲ့မိဘူးပါ။ မျှော်လင့်ချက်တွေ အပြည့်ဖြင့် ရိပေါ်ရဲ့စကားသံတွေကိုဆက်ပြီး နားထောင်နေမိရင်း ရင်တွေလည်း ခုန်နေရပြန်လေတော့သည်။

.အပျိုတော်ထိန်းလည်းရှိတယ် သူဒီနေ့ခြေထောက်မှာ သံဆူးသွားပြီး လမ်းမလျှောက်နိုင်ဖြစ်နေလို့ ကိုယ်တောင်ဘေးကနေကူတွဲပေးခဲ့ရသေးတယ် ကိုယ်မေ့နေတာ ဟုတ်တယ် အပျိုတော်ထိန်းလည်းကိုယ်နဲ့အတူရှိတယ်.

.ဟုတ် ဟုတ်လား.

.အင်း ဟုတ်တယ် အပျိုတော်ထိန်းက ဒီနေ့တစ်ညနေလုံးကိုယ်နဲ့ စာကြည့်ဆောင်ထဲမှာရှိနေတာ သူ့ကိုတွဲပြီး ဆေးကုဆောင်လိုက်ပို့ရင် မသင့်တော်ဘူးလေ သူကလည်းဘယ်လိုမှ လမ်းလျှောက်နိုင်မယ့်ပုံမပေါ်ဘူး အပျိုတော်ထိန်းဆိုတာကလည်း ရဲမက်တွေဘာတွေနဲ့ မထိတွေ့ရဘူးမလား အဲ့တော့တွဲပေးမယ့်လူကကိုယ်ပဲရှိတာဆိုတော့ တွဲပေးနေရမှာစိုးလို့ ဒါကြောင့် သမားတော်ကိုပဲခေါ်ပြီး ကုခိုင်းလိုက်တာ  ကိုယ်စာဖတ်ပြီးခါနီးလောက်မှ အနီးနားက ဖြတ်သွားတဲ့ အပျိုတော်တစ်ယောက်ကို တွဲပြီးပြန်ပို့ခိုင်းလိုက်တာ.

အရှင့်အတွက်ဆိုရင်Onde histórias criam vida. Descubra agora