.ကျန့်ကော သက်သာလား.
နဖူးလေးမှာစည်းထားတဲ့ ပတ်တီးလေးကိုကိုင်ကာ မေးလိုက်တော့သူကခေါင်းလေးစောင်းငဲ့ရှောင်ပစ်လိုက်လေသည်။ ကိုယ့်ကိုမကြည့်ချင်စွာမျက်နှာလွဲှထားသည့်သူကြောင့် သက်ပြင်း ရှည်ကြီးတစ်ခုကိုချလိုက်ပြီး
.ကိုယ်တော်တောင်းပန်ပါတယ် ကိုယ်တော်စိတ်မထိန်းနိုင်ဘူးဖြစ်သွားတယ် နောက်တစ်ခါ
လက်မပါမိအောင်ကိုယ်တော်ကြိုးစားပါ့မယ်.....
.ဒါနဲ့ ညနေစာဘာမှမစားဘူးဆို ကိုယ်တော်ပို့ပေးလိုက်တဲ့ အစားအသောက်တွေမကြိုက်လို့လား ကိုယ်တော်ဘာလုပ်ပေးရမလဲ ဘာစားချင်လဲ.
.အိမ်ပြန်ချင်တယ်.
.အိမ်ကပြန်လို့မရသေးဘူးလေကွာ လက်ဆက်ပွဲလုပ်ရမှာလေ.
.ဘယ်သူကလုပ်မယ်ပြောမိလို့လဲ.
.မင်းမိဘတွေတစ်ခုခုဖြစ်မှာစိတ်မပူရင် မလုပ်နဲ့ ပေါ့.
....
.ဟက်.
ထိုအခါမှပင် ကိုယ့်ဘက်ကိုဒေါသတွေထွက်ကာပြန်လှည့်ကြည့်လာသည့် သူ့အကြည့်တွေနှင့်ရင်ဆိုင်ရလေတော့သည်။ ဒါကိုပဲကိုယ့်မှာသဘောတကျရယ်လိုက်မိပြီး
.အခုမှပဲကိုယ်တေ်ာ့ကို ပြန်ကြည့်လာတော့တယ်နော် နောက်ဆိုကျန့်ကောကြည့်တာခံချင်လို့ နေ့တိုင်းစိတ်တိုအောင်လုပ်ပေးရမလိုဖြစ်နေပြီ.
.အရေးမပါတာတွေ လွှတ် မကိုင်နဲ့.
စားပွဲပေါ်မှာအသာတင်ထားတဲ့ လက်နုနုလေးကိုကိုင်မိတော့ ကိုယ့်လက်တွေထဲကနေ အတင်းရုန်းကာပြန်ဆွဲယူနေလေသည်။ ကျနော်ကလည်းမလွတ်စေအောင်အတင်းပြန်ဆွဲယူထားလိုက်ပြီး
.ချစ်တယ်.
....
.ချစ်တယ် ကျန့်ကော.
.မပြောနဲ့ မင်းဆီကမကြားချင်ဘူး နားခါးတယ်.
.ကိုယ်တော်က ပြောချင်တယ်လေကွာ.
.ပြောချင်ရင် တခြားလူကိုသွားပြော ငါ့ကိုလာမပြောနဲ့ ငါ့လက်ကိုလည်းလွှတ် မင်းငါ့ကိုထိနေကိုင်နေတာတွေကို ငါမုန်းတယ်.
YOU ARE READING
အရှင့်အတွက်ဆိုရင်
Historical Fictionအချစ်အတွက် တရားသည်ဖြစ်စေမတရားသည်ဖြစ်စေ ကိုယ်ကတော့မင်းကိုပိုင်ဆိုင်ရမှဖြစ်မယ် ရှောင်းကျန့်