.ကော ဘယ်ဝတ်စုံလေးကြိုက်လဲ အနီရဲရဲလေးကြိုက်တာ နည်းနည်းဖျော့တာလေးကြိုက်လား ခေါင်းစောင်းလေးကရော တအားလေးတာကြိုက်လား ပုံမှန်အလှဆင်ထားတာလေးကြိုက်လား.
ပန်းဥယျာဉ်ထဲ ကောကိုခေါ်သွားပြီးမင်္ဂလာဝတ်စုံရွေးနေပေမယ့် ကိုယ်ကတက်ကြွနေသလောက် ကောကတော့မလှုပ်မယှက်ကျောက်ရုပ်တစ်ရုပ်လိုသာ ထိုင်နေဆဲ။ ကိုယ်ကလည်း ပါးစပ်ကသာမေးနေတာ တကယ်ကကိုယ့်စိတ်ကြိုက်သာအကုန်ရွေးသွားခြင်းဖြစ်သည်။ နောက်ဆုံး ခြုံပုဝါလေးကိုရွေးပြီးတော့မှ
အကုန်ထွက်သွားကြတော့ သက်ပြင်းကိုချလိုက်ရင်း.ကိုယ်တော်ရွေးပေးတာတွေကြိုက်ရဲ့လား ကျန့်ကော ကျန့်ကောကြိုက်မယ်ထင်တာတွေပဲကိုယ်တော်ရွေးထားတာလေ အရင်ကကျန့်ကောက အနီဆိုနီရဲတောက်နေတာမျိုးမှကြိုက်တာမလား ဒါကြောင့်အခုအကောင်းဆုံးပိတ်နဲ့ရက်လုပ်ထားတဲ့ ပိတ်ကိုပဲကိုယ်တော်ရွေးပေးထားလိုက်တယ်.
.ငါသွားလို့ရပြီလား.
.ဟင် နေပါဦး ကျန့်ကော.
ဆတ်ခနဲထရပ်ကာ ထွက်သွားရန်ပြင်လိုကိသည့် ကျန့်ကောကိုလက်ကလေးကနေ ဆွဲထားလိုက်တော့ ကျန့်ကောကရုန်းပစ်လေသည်။
.မကိုင်နဲ့.
.မသွားပါနဲ့ဦး ကျန့်ကောရယ် ကိုယ်တော်နဲ့ ဥယျာဉ်ထဲမှာ ခဏလောက်နေပါဦး ဥယျာဉ်ရဲ့အနောက်ဘက်ခြမ်းကအရမ်းလှတာ ဒေါင်းလေးတွေရော ယုန်လေးတွေရောရှိတယ်ကိုယ်တော်လိုက်ပြမယ်လေ.
.မကြည့်ချင်ဘူး ငါ့ကိုလွှတ်လို့ပြောနေတယ်.
.မလွှတ်ချင်ဘူးကွာ.
.ဝမ်ရိပေါ်.
လက်ကလေးနှစ်ဖက်ကို ဖမ်းချုပ်ကာအရှေ့ကို တိုးသွားလိုက်တော့ ကိုယ်ကိုနောက်သို့အနည်းငယ်ရို့ပစ်ကာ ရှောင်လိုက်သည့်ကျန့်ကောကြောင့် ခါးလေးကနေဆွဲဖက်ယူပစ်လိုက်သည်။
.ဝမ်ရိပေါ်ငါ့ကိုလွှတ် ငါ့ကိုအခုလိုအတင်းအကြပ်လုပ်နေတာတွေ ငါမုန်းတယ်.
.ကိုယ်တော်ဒီလိုမှမလုပ်ရင်လည်း ကျန့်ကောကအထိမခံဘူးမလား.
YOU ARE READING
အရှင့်အတွက်ဆိုရင်
Historical Fictionအချစ်အတွက် တရားသည်ဖြစ်စေမတရားသည်ဖြစ်စေ ကိုယ်ကတော့မင်းကိုပိုင်ဆိုင်ရမှဖြစ်မယ် ရှောင်းကျန့်