လန်းဆန်းနေသည့် စိတ်အစဉ်ဖြင့် နိုးထလာသည့်မနက်ခင်းကြောင့် နှုတ်ခမ်းတွေကအလိလို ပြုံးမိသွားကာ ဘေးကအိပ်ရာခင်းလေးကို လက်ဖြင့်အသာစမ်းလိုက်မိတော့ ညကထွေးပွေ့ထားခဲ့သည့် ကိုယ်နွေးနွေးလေးမရှိတော့တာမို့ မျက်ဝန်းတွေဖွင့်ကာ ထိုင်လိုက်မိသည်။ တိတ်ဆိတ်လွန်းသည့်အခန်းအနေအထားကြောင့် ကုတင်ပေါ်မှထကာ အပေါ်ဝတ်ရုံကိုဝတ်လိုက်ပြီး အဆောင်အပြင်ကိုထွက်ခဲ့တော့ အထိန်းတော်ကြီးကအရိုအသေပေးလေသည်။
.ကြင်ယာတော်ရော.
.ဥယျာဉ်တော်ထဲကို သွားပါတယ်ဘုရား.
.ကျစ် ဒီလောက်အေးနေတာကိုကွာ.
အပေါ်ဝတ်ရုံကိုသေချာဆွဲခြုံလိုက်ရင်း ဥယျာဉ်တော်ထဲကိုသွားရန် ပြင်လိုက်တော့ အထိန်းတော်ကြီးကရှေ့ကနေမရဲတရဲလေး ပိတ်ရပ်လာကာ
.မင်းသားတစ်ပါးက ဒီိလိုကြီးအပြင်မထွက်သင့်ပါဘူးဘုရား မျက်နှာသစ်တော်မူရပါမယ်ဘုရား.
.အထိန်းတော်ကြီး ဝင်ပါရမယ့်ကိစ္စမဟုတ်ဘူး.
.ဟုတ်ပါတယ် ဒါပေမယ့် ဒီအတိုင်းသွားရင် ကြင်ယာတော့်အနားကပ်ဖို့ခက်ခဲသွားမယ်ဘုရား.
အထိန်းတော်ကြီးက ပြောလာလေတော့မှ ကျနော်လည်းနည်းနည်းစဉ်းစားလိုက်ပြီးတော့ အဆောင်ထဲပြန်ဝင်သွားလိုက်တော့ အထိန်းတော်ကြီးကပါနောက်ကလိုက်လာလေသည်။ အထိန်းတော်ကြီးပြောတာလည်း ဟုတ်တာပဲ တကယ်လို့ကျန့်ကောကို အနမ်းတွေဘာတွေပေးရင် ကျနော်ကမွှေးနေရမယ်မလားလေ။
🌻🌻🌻🌻
ဥယျာဉ်တော်ထဲကို အမြန်သွားလိုက်တော့ အပေါ်ဝတ်ရုံနီရဲရဲလေးဝတ်ထားသည့် ကောကချယ်ရီပင်ကြီးအောက်မှာ ချောချင်တိုင်းချောနေတော့သည်။ ရေနွေးခွက်သေးသေးလေးကို လက်ဖြင့်အသာကိုင်ရင်းအရသာခံသောက်နေသည့် ကောက ချောမောလွန်းလှသည်။ ချယ်ရီပင်ကြီးကိုငေးမောကြည့်နေသည့်ကောရဲ့မျက်ဝန်းလေးတွေက အရောင်တွေလဲ့နေကာတောက်ပလွန်းနေသည်။ ထိုမျက်ဝန်းလေးတွေအောက်မှာ ကိုယ်ဟာကျဆုံးခဲ့တာပဲ။ အနားကိုတိုးသွားလိုက်ပြီး ကောရဲ့ရှေ့မှာထိူင်လိုက်တော့ မျက်ဝန်းလေးတွေချက်ချင်းညှို့မှောင်သွားကာ အပြုံးတွေလညလးပျောက်ကွယ်သွားလေသည်။
YOU ARE READING
အရှင့်အတွက်ဆိုရင်
Historical Fictionအချစ်အတွက် တရားသည်ဖြစ်စေမတရားသည်ဖြစ်စေ ကိုယ်ကတော့မင်းကိုပိုင်ဆိုင်ရမှဖြစ်မယ် ရှောင်းကျန့်