.အပျိုထိန်းကို ချခဲ့တဲ့အပြစ်ဒါဏ်အတွက် စိတ်မကောင်းဖြစ်နေတာလား ကော.
ဘေးမှာထိုင်နေကာ လှည်းယာဉ်ရဲ့အပြင်ပြတင်းပေါက်ကိုသာ ငေးနေပြီးငြိမ်သက်နေသည့် ကောရဲ့လက်ကလေးကိုကိုင်ကာမေးလိုက်မိတော့သက်ပြင်းကိုချလိုက်ရင်း
.အပြစ်ဒါဏ်က များတယ်လို့မထင်ဘူးလား အရှင်ရယ်.
.ကိုယ်ကရာဇဝတ်ပိုင်းမှာဝင်စွက်ဖက်ခွင့်မရှိဘူးကော ရုံးတော်ကသူနဲ့ထိုက်တဲ့ အပြစ်ကိုပေးခဲ့တာပဲ.
.ဒါပေမယ့် သေဒါဏ်ကများလွန်းပါတယ် အရှင်ရယ်.
.မများဘူးကော တကယ်ဆိုတော်ဝင်မျိုးနွယ်တွေကိုထိပါးမှုမှာ ဆွေစဉ်မျိုးဆက်ခေါင်းဖြတ်သတ်တဲ့အထိ ပြစ်ဒဏ်ပေးကြတာ အခုကိစ္စမှာကောက ခမည်းတော်ကိုအသနားခံပေးထားလို့သာ သူတစ်ယောက်ထဲနဲ့ပြီးသွားတာ ခမည်းတော်လုပ်ပေးနိုင်တာလည်း ဒိီအထိပဲရှိတယ် ကော.
....
.သူမက ကောကိုထိခိုက်အောင် လုပ်ထားတဲ့အပြင် ကိုယ့်ရဲ့နာမည်ဂုဏ်သတင်းကို ဖျက်ထားတဲ့တာ ကောရဲ့ မင်းသားတစ်ပါးအတွက် နာမည်ကောင်းတစ်ခုကျန်ဖို့ဆိုတာ ဘယ်လောက်ထိအရေးပါတယ်ဆိုတာ ကောသိပါတယ် အရင်ကကိုယ်ဒီလိုပကာသနတွေကိုဂရုမစိုက်ပေမယ့် အခုကောအတွက်ကိုယ်ဂရုစိုက်တယ် ကော ကောရဲ့ယောကျာ်းဝမ်ရိပေါ်ဆိုတာ အမြဲတော်နေရမယ်လူကြားထဲမှာလည်း အမြဲဂုဏ်ယူနေရမယ့်သူပဲဖြစ်ချင်တယ်ကော ပြီးတော့ သူမဘက်က ကောကိုနှစ်ပေါင်းများစွာလိမ်လည်ခဲ့တာလေကောရယ် ကိုယ်သာမသိလိုက်ရင် မဖြေရှင်းနိုင်ရင် အချိန်ကြာလာတာနဲ့အမျှကောကိုယ့်ကို မုန်းတီးလာမယ်ပိုရွံရှာလာမယ် ကိုယ်ကလည်းကောကိုချစ်တော့မလွှတ်ပေးနိုင်နဲ့ နှစ်ယောက်လုံးအတွက်တဖြေးဖြေးနာကျင်လာရတော့မှာ ဒါကြောင့်အခုကအကောင်းဆုံးနည်းပါပဲကောရယ်.
ကောက ကိုယ်ပြောတာတွေကိုသေချာစွာနားထောင်နေရာကနေ ဆုပ်ကိုင်ထားသည့်လက်ကလေးတွေကို ပြန်ငု့ံကြည့်နေကာ နှုတ်ခမ်းလေးကိုလျှာလေးဖြင့်အသာသပ်လိုက်ပြီးမှ
.ကိုယ့်အတွက်နဲ့ လူတစ်ယောက်အသက်ဆုံးရံှုးသွားရတယ်လို့တွေးမိတော့ စိတ်မကောင်းဘူး အရှင်ရယ်.
YOU ARE READING
အရှင့်အတွက်ဆိုရင်
Historical Fictionအချစ်အတွက် တရားသည်ဖြစ်စေမတရားသည်ဖြစ်စေ ကိုယ်ကတော့မင်းကိုပိုင်ဆိုင်ရမှဖြစ်မယ် ရှောင်းကျန့်