.တောင်းပန်ပါတယ်.
.ဟင်.
ဝတ်ရုံပြင်ပေးနေသည့် ကိုယ့်ကိုပခုံးလေးတွေကိုင်ရင်း ပြောလာသည့်ရိပေါ်ကြောင့် ဝတ်ပေးနေရာကနေ ပြန်မော့ကြည့်လိုက်မိလေသည်။
.ဘာကိုလဲ.
.ညက ကိုယ်နည်းနည်းကြမ်းသွားတယ်.
ထိုအခါမှ လူကရှက်ရွ့ံကာချက်ချင်းခေါင်းငု့ံပစ်လိုက်မိသည်။ အတူတူဆက်ဆံကြီး သွေးသားချင်းနှီးနှောထားကြသည့်ဆက်ဆံရေးမှာ ထိုသို့အပြန်အလှန်တွေပြန်ပြောပြတိုင်း နေသားမကျသေးသည့်ကိုယ်က ယောကျာ်းလေးဖြစ်ပြီး အဲ့လောက်အရှက်ကြီးရသလားလို့ အပြစ်တင်တယ်ဆိုလည်းခံရုံပင်။ အခြားသူတွေဘယ်လိုတွေးလဲဆိုတာမသိပေမယ့် ကျနော့်အတွေးကတော့ယောကျာ်းလေးဖြစ်ပြီး ကိုယ်နဲ့တန်းတူယောကျာ်းလေးတစ်ယောက်နှင့် အတူယှဉ်တွဲနေမိခြင်းက ကိုယ့်ကိုပိုရှက်ရွ့ံစေသည့်အကြောင်းအရင်းဟုထင်မိသည်။ ပြီးတော့ ရိပေါ်နဲ့ဆက်ဆံပြီးတိုင်း အားမရှိသည့်ကိုယ့်ကိုယ်ကိုလည်းအားမရပေ။ ကျနော်ဘာကြောင့်သည်လောက်ထိအားမရှိရတာလဲ။
.ကော.
.ရ ရပါတယ်.
.နာနေတာလား ကော.
.ဟင့်အင်း ရတယ်ရိပေါ် အဲ့တာတွေပြန်မမေးပါနဲ့လား.
.ရှက်လို့လား.
.မဟုတ်ပါဘူး.
ရိပေါ်က လက်ကလေးကိုဆွဲလာကာမေးတော့ လက်ကိုပြန်ရုန်းမိကာ ဝတ်ရုံခါးပတ်လေးသေချာပြန်ပတ်ပေးနေသည့် ကိုယ့်ကိုသေချာစွာစူးစိုက်ကြည့်လာပြီး ပြုံးလေသည်။ သွားပြီ ကိုယ့်မျက်နှာကရှက်ပြီးရဲနေတာကို သူတွေ့သွားတာဖြစ်မှာ။
.ကော ရှက်နေတာပဲကွာ.
.ရိ ရိပေါ် ငါ့ကိုလွှတ်.
.ကော.
ထွက်ပြေးရန်ကြံစည်နေသည့် ကိုယ့်ကိုရိပေါ်ကနောက်လေးကနေ ထွေးပွေ့ထားလိုက်ပြီး ချုပ်ထားလိုက်လေတော့သည်။
.မရှက်ပါနဲ့ကောရယ် ကိုယ်တို့လက်ထပ်ထားကြတာဘယ်လောက်တောင်ကြာနေပြီလဲ ကောသာမိန်းကလေးတစ်ယောက်ဆိုရင် ကလေးဆယ်ယောက်လောက်တောင် မွေးပြီးလောက်ပြီလေကွာ.
YOU ARE READING
အရှင့်အတွက်ဆိုရင်
Historical Fictionအချစ်အတွက် တရားသည်ဖြစ်စေမတရားသည်ဖြစ်စေ ကိုယ်ကတော့မင်းကိုပိုင်ဆိုင်ရမှဖြစ်မယ် ရှောင်းကျန့်