အရှင့်အတွက်ဆိုရင် m

6.6K 318 74
                                    

.ကော.

ကုတင်လေးပေါ်မှာလှဲနေသည့် ကောအနားကိုအမြန်သွားလိုက်တော့ ကောကတဖြေးဖြေးချင်းထိုင်လိုက်တာမို့ ဘေးနားမှာဝင်ထိုင်ပေးကာထိန်းပေးလိုက်သည်။

.ကောရယ် လဲှနေပါဘာလို့ထလာတာလဲ ပင်ပန်းနေပါ့မယ်.

.မပင်ပန်းပါဘူး မနေ့ညကရော ဒီနေ့တစ်နေ့လုံးကိုလဲှနေရတာကျောတွေလည်းနာလှပြိီမလဲှချင်တော့ပါဘူး အရှင်ရယ်.

.သမားတော်က လှဲအိပ်ဖို့လိုတယ်ပြောထားတာပဲကောရယ် ခဏတော့အဲ့လိုနေရမှာပေါ့ ကိုယ်တောင်မနေ့ညကထဲကကောဆီလာချင်တာ ဒီနေ့မှဝင်ရမယ်ဆိုလို့ ဒီနေ့အလုပ်တောင်မလုပ်နိုင်ဘူး တစ်နေကုန်အပြင်မှာထိုင်စောင့်နေတာရယ်.

.ဟင်.

တကယ်ပင် ကောနဲ့ဝင်တွေ့ရမယ့်အချိန်ကိုမြန်မြန်ရောက်လာစေရန် ဘာအလုပ်မှမလုပ်တော့ပဲ အဆောင်ရှေ့မှာသာမိန့်မိန့်ကြီးပေတေထိုင်နေလေတော့ သမားတော်တွေကဝင်ချိန်ပင်မရောက်သေးပဲ ဝင်ခိုင်းရသည့်ကိုယ့်အဖြစ်ရယ်ပါ။ ဒါတွေကိုကောကိုပြောပြပြန်ရင်လည်း အရှင်က ကလေးဆန်လိုက်တာဟုဆိုကာရယ်ဦးမည့်ကောကြောင့်မပြောပဲထားလိုက်ပါတော့မည်။

.ကော သားတော်ကရော ဘယ်မှာလဲ? .

.သမားတော်ကြီးက စစ်စရာရှိသေးလို့ခေါ်သွားတယ်လေ ခဏနေပြန်ခေါ်လာမှာပါ.

.တစ်ခါတစ်လေကိုယ်သာသမားတော်ဖြစ်လိုက်ချင်တော့တယ် မွေးတော့လည်းအနားမှာရှိတယ် သားလေးကိုလည်းပထမဆုံးမြင်ရတယ် ကောနဲ့လည်းဘယ်သူမှမမြင်ရသေးခင်သူတို့ကအတူတူနေနေရပြီ အခုလည်းသားတော်ကိုသူတို့ကျစိတ်တိုင်းကျထိနေကိုင်နေတယ် တရားကိုမတရားဘူး.

.အရှင်ရယ် ဒါသမားတော်တွေရဲ့တာဝန်မိုလို့ပါ အရှင်ကလည်းသဝန်တိုစရာမရှိ မွေးပေးတဲ့သမားတော်နဲ့တောင်လိုက်သဝန်တိုနေရသလား.

.မရဘူး ဖြစ်နိုင်ရင် သမားတော်တွေနေရာကိုယ်သာဖြစ်လိုက်ချင်တာ ကောနဲ့ပတ်သက်တဲ့ကိစ္စအဝဝကိုကိုယ့်ခြေကိုယ့်လက်နဲ့ပဲ အကုန်လုပ်ပေးလိုက်ချင်တာ.

.အခုလည်း အရှင်ပဲလုပ်ပေးရမှာပါအရှင်ရယ်.

မျက်နှာလေးမဲ့ကာကောကပြောလိုက်တော့ သနားစွာကြည့်နေမိလေသည်။ ကောအသားအရည်လေးကအရင်ကထက်ပင်ပိုလို့ဝင်းဖတ်နေကာ မျက်နှာလေးကလည်းထိလိုက်ရင်ကြွေကျသွားတော့မလို နုဖတ်နေလေသည်။ ကောရဲ့မျက်နှာနုနုလေးကို သေချာစွာငေးစိုက်ကြည့်နေရင်းမှ

အရှင့်အတွက်ဆိုရင်Where stories live. Discover now