အရှင့်အတွက်ဆိုရင် S

3.4K 260 54
                                    

.ဒီနေ့ ပန်းချီသွားဆွဲမှာလား ကော.

.အင်း သွားမယ်လေ ဘာလို့လဲ ဒီနေ့အစောပြန်လာမှာမလို့လား ဒါဆိုရင်တော့ မသွားတော့ဘူးလေ အဆောင်မှာပဲ စောင်းတီးနေမယ်.

.မဟုတ်ပါဘူးကောရဲ့ ကိုယ်ပြန်လာလို့ကောကိုမတွေ့ရင် ကိုယ်ကလိုက်လာလို့ရအောင်မေးကြည့်တာပါ.

.ရိပေါ်ထက်အရင် ကောကပြန်ရောက်နေမှာပါ.

.ကိုယ့်ကြောင့်တော့ အစောပြန်မလာပါနဲ့ကောရယ် ကိုယ်ပြန်လာတဲ့အထိကောပြန်မရောက်သေးရင်ကိုယ်က ပန်းချီအဆောင်ကိုလိုက်လာပြီး ထိုင်စောင့်နေမှာပေါ့.

.မစောင့်ပါနဲ့ရိပေါ်ရယ် ရိပေါ်ရှိနေရင် သင်တန်းသားတွေကိုမသင်ပေးရဲဘူး ရှက်တယ်.

ကိုယ့်ပန်းချီဆောင်လေးမှာ အခုဆိုရင်ဝန်ကြီးသားသမီးတွေလာသင်နေကြတာမို့ သင်တန်းသားတွေရှိနေကြပြီဖြစ်လေသည်။ တစ်ယောက်ထဲဆိုအဆင်ပြေပေမယ့် သင်ပေးနေသည့်အချိန် ရိပေါ်ရောက်လာလျှင် လူကမသက်တတ်တော့ပဲအိုးတို့အန်းတမ်းဖြစ်သွားတတ်တာမို့ ဖွင့်ပြောလိုက်မိတော့ ရိပေါ်ကပြုံးကာခါးကနေဆွဲဖက်လိုက်ပြီး

.ကိုယ်ကတော့လာချင်တယ်ကွာ သင်တန်းသားတွေထဲမှာ အချောလေးတွေပါတာကိုယ်သိတယ် ကိုယ်ကောကိုစိတ်မချဘူး ကောစိတ်ပြေလက်ပျောက်ဖြစ်အောင်လို့သာ သင်ပေးခိုင်းတာ ကိုယ့်စိတ်သဘောအတိုင်းသာဆို မသင်စေချင်ဘူး အဆောင်ထဲပဲထားပြီးကိုယ်တစ်ယောက်ထဲပဲ ကြည့်နေချင်တာ.

.ကောက ကြင်ယာတော်ဆိုတာအကုန်သိပါတယ် ရိပေါ်ရဲ့ဘယ်သူကမှကောကို စေ့စေ့မကြည့်ရဲပါဘူး ကောက်ိုလညး်ယုံတယ်မလား.

ထိုအခါကောကကိုယ့်ရဲ့ မျက်ဝန်းတွေထဲကိုဆွေးမြေ့စွာကြည့်လာလေရင်း သက်ပြင်းလေးကိုအသာချလိုက်ပြီးမှ

.ကောကိုယုံတယ် ကံကြမ္မာကိုမယုံတာပါကောရယ်.

.ကံကြမ္မာဆိုတာ ကိုယ်ကြိုးစားမယ်ဆိုရင် လိုရာဖန်တီးယူလို့ရပါတယ် ရိပေါ်ဒါကြောင့် တအားမစိုးရိမ်နဲ့နော်.

.အင်းပါကွာ ကောရဲ့အခုလိုစကားလေးတွေကြောင့် ကိုယ်နည်းနည်းတော့စိတ်ပေါ့ပါးသွားပါပြီ.

အရှင့်အတွက်ဆိုရင်Where stories live. Discover now