.အခုမှပဲ လန်းဆန်းသွားတော့တယ်ကွာ.
ရေချိုးဆောင်ကနေထွက်လာသည့် ရိပေါ်ကိုယ်မှာ အပေါ်ကဗလာဖြစ်နေပြီးအောက်ပိုင်းက ညအိပ်ဘောင်းဘီအဖြူပါးလေးသာပါတာမို့ အထဲကိုအကုန်မြင်နေရလေသည်။ ထို့ကြောင့်မျက်နှာတစ်ခုလုံးထူပူသွားကာ ချက်ချင်းအကြည့်လွဲှပစ်လိုက်လေသည်။
.မင်းအတွက် ညအိပ်ဝတ်စုံပြင်ပေးမယ်.
ကုတင်ပေါ်ကနေဆင်းကာ ညအိပ်ဝတ်စုံလေးယူပေးရန်အတွက် သူ့ရှေ့ကနေဖြတ်သွားလိုက်တော့ ရိပေါ်ကကိုယ့်ရဲ့လက်ကို လာဆွဲကိုင်ထားကာ ရင်ခွင်ထဲထည့်လိုက်လေတော့ ကိုယ့်ရဲ့ကျောပြင်နဲ့ရိပေါ်ရဲ့ရေစက်တွေစီးကျနေဆဲ ရင်ဘတ်ကြီးနဲ့ထိတွေ့နေတာမို့ ကိုယ်ကိုကျုံ့ထားလိုက်မိသည်။
.မပြင်တော့နဲ့လေကွာ.
.မင်းအအေးပတ်နေမှာပေါ့.
.မပတ်ပါဘူး နွေးအောင်ကောကိုဖက်အိပ်မယ်လေ.
.ဖက်တာကဖက်ပါ ဒါပေမယ့်ဝတ်ရုံလည်းဝတ်အိပ်မှနွေးမှာပေါ့ ကောပြင်ပေးမယ်နော်.
.ဟင့်အင်း ကော.
ကိုယ့်ရဲ့ကိုယ်ကို တိုးဖက်လိုက်ပြန်သည့်ရိပေါ်ကြောင့် ထိတွေ့ရန်မသင့်တော်သည့်နေရာတွေက အတင်းဖိကပ်လိုက်သလိုထိတွေ့မိသွားတာကြောင့် ကိုယ်ကိုမသိမသာရှေ့ကိုတိုးလိုက်မိပေမယ့် ရိပေါ်ကအလွတ်မပေးပဲပိုလို့ဆွဲဖက်ကာ ပခုံးသားတွေကို အတင်းအကြပ်ဖိကပ်နမ်းရှိုက်လာလေသည်။
.ရိပေါ် ယား ယားတယ် မလုပ်နဲ့.
.နမ်းချင်တယ်ကွာ.
ပြောစကားကိုနားမထောင်ပဲ အတင်းလိုက်လံနမ်းရှိုက်နေသည့် ရိပေါ်ကြောင့်ကိုယ့်မှာတစ်ကိုယ်လုံးပူနွေးကာအတင်းရှောင်နေရလေသည်။ အတူတူနေကြတာ ရက်တွေလတွေကြာနေပေမယ့် ကိုယ့်အတွက်ယခုအခြေအနေက စိမး်သက်လှတာမို့ရှက်ရွ့ံကာရှောင်နေမိလေသည်။
.ရိပေါ် ပြီး ပြီးမှနမ်းလေကွာနော် အခုဝတ်ရုံလေးဝတ်လိုက်လေနော် ရိပေါ်အအေးပတ်မှာစိုးလို့ပါ.
.အခုပဲချွတ်ရတော့မှာကို ဘာလို့ဝတ်နေရမှာလဲ ကောရာ.
.ရိပေါ်.
YOU ARE READING
အရှင့်အတွက်ဆိုရင်
Historical Fictionအချစ်အတွက် တရားသည်ဖြစ်စေမတရားသည်ဖြစ်စေ ကိုယ်ကတော့မင်းကိုပိုင်ဆိုင်ရမှဖြစ်မယ် ရှောင်းကျန့်