.ကော.
....
.ကျန့်ကော ရှောင်းကျန့် ကောလို့ ကျန့်ကော.
အဆောင်တော်ကို ပြန်ရောက်သည်နှင့်အပေါ်ဝတ်ရုံလေးချွတ်နေသည့် ကောကိုတံခါးလေးပိတ်နေရင်းမှငေးကြည့်ရင်းခေါ်နေမိပေမ့ယ် ကောကတော့အရင်လိ်ုပင်ကိုယ့်ကိုဂရုမစိုက်ပါ။ သူလုပ်နေတဲ့အလုပ်ကိုသာဆက်လုပ်နေလေသည်။
.ချစ်တယ်ကော ကိုယ့်ကိုချစ်လား.
....
.ကောလို့ ကိုယ့်ကိုချစ်လားလို့ဆို မေးနေတယ်လေကွာ အဲ့မျက်နှာလေးကကိုယ့်ဘက်ကိုလှည့်ပါဦးကွ ဒီလိုကြီးကျောခိုင်းမထားပါနဲ့ကွာ.
နောက်ကနေခါးလေးကိုဖက်ထားကာ ခေါ်နေလေတော့ အပေါ်ဝတ်ရုံကိုချွတ်နေသည့်ကောက ကိုယ့်ရဲ့လက်တွေကိုဖယ်ချနေလေသည်။ မဖယ်ပေးပဲအတင်းဖက်ထားမိတော့ ကောကစိတ်ညစ်သလိုသက်ပြင်းလေးကိုချလေသည်။
.အေးဆေးအိပ်ရအောင် ဝမ်ရိပေါ် ငါပင်ပန်းနေပြီ.
.ကိုယ်တော်ရေချိုးချင်သေးတယ် တစ်ကိုယ်လုံးနုံးနေတာပဲ.
.ချိုးလေ.
.ကောချိုးပေးလေကွာ.
.အဲ့တာကြောင့်အရက်သမားတွေကို မုန်းတာ.
ပခုံးလေးတွေကို နှုတ်ခမ်းတွေဖြင့်တိုးတိုက်နမ်းကာ ပူဆာလိုက်မိတော့ကောက သက်ပြင်းလေးကိုအသာချလိုက်ပြီး ညီးညူပြောဆိုလာလေသည်။ ဒါပေမယ့် ပူဆာရမှာကကိုယ့်တာဝန်ပေမို့ ဆက်ပြီးပူဆာလိုက်မိလေသည်။
.ချိုးပေးနော် ကောနော်.
.ကျစ် ချိုးပေးမယ် ဖက်ထားတာကိုအရင်လွှတ်.
.အင်း.
ဖက်ထားသည့်လက်တွေကိုဖြေပေးလိုက်တော့ ကောကမျက်နှာချင်းဆိုင်လှည့်လာကာ ကိုယ့်ရဲ့ဝတ်ရုံတွေကိုတစ်လွှာချင်းချွတ်ပေးနေလေသည်။ နီးကပ်စွာမြင်နေရသည့်ကောမျက်နှာနုနုလေးကို ရီဝေစွာကြည့်ရင်းအရသာခံနေမိသည်။ ယောကျာ်းလေးတစ်ယောက်က အဲ့လောက်ထိချောဖို့လိုလို့လားကွာ။ ကြည့်နေရင်းကောရဲ့မျက်နှာလေးကို လက်တွေဖြင့်အုပ်မိုးကိုင်မိတော့ ကောကချက်ချင်းပုတ်ထုတ်လာလေတော့သည်။ အရက်ကလည်းမူးနေကာ အနည်းငယ်ဇွတ်တရွတ်ဆန်ချင်တဲ့ဉာဉ်ဆိုးလေးကြောင့် နောက်ထပ်ကောမျက်နှာလေးကို ထပ်အုပ်ကိုင်မိပြန်သည်။ ကောကထပ်ရုန်းသည်။ ကောကတကယ်အထိမခံလေး။ ဘယ်လိုလုပ်မလဲကိုယ်ကလည်း အဲ့တာမျိုးမှကြိုက်တာ တအားလွယ်နေရင်ဘယ်စိတ်ဝင်စားဖို့ကောင်းပါတော့မလဲ။
ESTÁS LEYENDO
အရှင့်အတွက်ဆိုရင်
Ficción históricaအချစ်အတွက် တရားသည်ဖြစ်စေမတရားသည်ဖြစ်စေ ကိုယ်ကတော့မင်းကိုပိုင်ဆိုင်ရမှဖြစ်မယ် ရှောင်းကျန့်