.ကောရေ.
မှေးခနဲအိပ်ပျော်သွားမိစဉ် ကိုယ့်ဘေးက ကုတင်လေးကအိခနဲဖြစ်သွားပြီး ခါးကိုလည်းရစ်ပတ်ခြင်းခံလိုက်ရတာမို့ ထထိုင်ပြီးကြည့်လိုက်တော့ မျက်နှာတွေရဲနေကာမျက်ဝန်းတွေကလည်းရီဝေနေသည့် အရှင့်ကိုတွေ့လိုက်ရလေသည်။
.ကိုယ့်ကိုမစောင့်ဘဲ အိပ်နှင့်တာလား ကော.
.ဟုတ်တယ်လေ ဘယ်အချိန်ရှိပြီလဲရော သိရဲ့လား ညဥ့်နက်တဲ့အထိ ဘာလို့အဲ့လောက်တောင်သောက်နေရတာလဲ အဲ့သေရည်ကိုမသောက်ဖူးလို့လား.
.မဟုတ်ဘူးလေ ကောရဲ့ ကိုယ်က နည်းနည်းလေးသောက်ပြီး ကောနဲ့အတူတူပြန်လိုက်မလို့ပဲလေ ဒါပေမယ့် မင်းသား ၃ရောက်လာပြီး ကိုယ့်ကိုအတင်းဆွဲထားတာ ကောလည်းသိတာပဲဟာ.
.မကိုင်နဲ့ အဲ့ဒီအရက်န့ံတွေမွှန်ထူနေတဲ့ ကိုယ်နဲ့အနားလည်းမကပ်နဲ့ လာလည်းမကို်င်နဲ့.
.ကောကလည်း.
ကိုယ့်ကိုဖက်ရန်ကြိုးစားလာသည့်လက်တွေကို ဖယ်ချလိုက်ရင်းတွန်းပစ်လိုက်တော့ ရီဝေစွာဖြင့်ကိုယ့်ကိုကြည့်ကာ မျက်နှာလေးမဲ့သွားလေသည်။
.မင်းသား ၃ ဆွဲထားတာသိတယ်လေ အဲ့အချိန်မှာကောတစ်ယောက်ထဲမို့ အစောပြန်မှရမှာဆိုပြီး လို်က်လာခဲ့လို့မရဘူးလား ဟင် အရှင်ကိုက အဲ့ဒီအရည်တွေကိုသောက်ချင်နေတာမလား အဲ့တာကြောင့်လိုက်မလာတာမလား.
.ကောကလည်းကွာ ကိုယ်ကတစ်ခါတစ်လေလေး ကိုယ့်သူငယ်ချင်းတွေနဲ့တွေ့တုန်းလေး သောက်မိတာပါကွာနော်.
.သောက်လေ အခုလည်းသွားသောက်ပြန်မလာနဲ့ သွားသူငယ်ချင်းတွေနဲ့သွားသောက် လာမအိပ်နဲ့.
.ကော.
.လွှတ် လက်ကိုလွှတ် လူကိုခေါ်လာတုန်းကခေါ်လာပြီး ရောက်ကထဲကသူငယ်ချင်းတွေနဲ့ပဲနေပြီး တစ်ယောက်ထဲပစ်ထားတယ် အခုလည်းသွား မလာနဲ့ အဲ့ဒီသူငယ်ချင်းတွေနဲ့ပဲ သွားသောက်နေ လာမအိပ်နဲ့ ဖက်လည်းမဖက်နဲ့ ဖယ်.
အရှင်အတင်းဆုပ်ကိုင်နေသည့် လက်တွေကိုဖယ်ချကာ ကျောခိုင်းပြီးပြန်လှည့်အိပ်လိုပ်တော့ အရှင်ကဘေးကနေဝင်လှဲလာရင်း ကိုယ့်ရဲ့ပခုံးလေးတွေကို အသာလာကိုင်ကာ
ESTÁS LEYENDO
အရှင့်အတွက်ဆိုရင်
Ficción históricaအချစ်အတွက် တရားသည်ဖြစ်စေမတရားသည်ဖြစ်စေ ကိုယ်ကတော့မင်းကိုပိုင်ဆိုင်ရမှဖြစ်မယ် ရှောင်းကျန့်