အရွင့္အတြက္ဆိုရင္ ll

3K 233 22
                                    

ညသန်းခေါင်ကျော်လူခြေတိတ်ဆိတ်နေတဲ့အချိန်ကြီးမှာ ဆူညံနေတာက နန်းတွင်းရဲ့တစ်နေရာ။အဆောင်တော်ထဲကိုလည်း ကူးလူးဝင်ထွက်နေကြတဲ့ သမားတော်တွေနဲ့ယောကျာ်းလေးအထိန်းတော်တစ်ချို့။ အပြင်မှာယောက်ယက်ခတ်နေရတာက ကျနော်ရယ်မယ်တော်ရယ် ခမည်းတော်ရယ်။အထဲက ကလေးမွေးနေသည့်ကောက ဘယ်လိုအေုခအနေရှိသလဲဆိုတာမသိပေမယ့် အပြင်မှာတော့တော်တော်လေးကိုကမ်ဘာတွေပျက်နေခဲ့လေပြီ။ အဆောင်ရှေ့မှာ ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း မယ်တော်ရယ်ကိုယ်ရယ် ခမည်းတော်ရယ်ကခေါင်းချင်းဝင်ဆောင့်သလိုဆောင့်ဖြင့် ယောက်ယက်တွေခတ်လို့။ ခမည်းတော်အတွက်ပထမဆုံးမြေးဦးမို့ ခမည်းတော်တို့လည်းစိတ်တွေလှုပ်ရှားနေကြသလို ကျနော့်အတွက်လည်းမျောက်မီးခဲကိုင်ထားရသလို ထိုင်မရထမရဖြစ်နေမိတော့သည်။ ပြီးတော့ယောကျာ်းလေးမို့မိန်းကလေးတွေမွေးဖွားတာနှင့်တော့မတူဘူးမလား။ ထို်ကြောင့် ကိုယ့်ရင်မှာပိုလို့ပင်ပူလောင်နေရသည်။ ညသန်းခေါင်ကထဲကပြေးလွှားနေကြသည့်အထိန်းတော်တွေလည်းအခုမနက်မိုးသောက်ခါနီးအထိ တစ်ယောက်မှမနားရသေးပဲ အေးချမ်းနေသည့်ရာသီကြီးမှာတောင် ချွေးတွေတလုံးလုံးနှင့်အလုပ်လုပ်နေကြရလေသည်။ သက်ပြင်းတွေလည်း ချနေမိတာအခါခါ။

.အင့် ဟင့် ဟင့် အူဝဲ အဲ အဲ့.

.ဟင်.

အထဲက ကလေးငယ်လေးအသံသဲ့သဲ့ကြားလိုက်ရသည်နှင့် ခမည်းတော်တို့နှင့် ကိုယ်ပါခေါင်းနပန်းတွေကြီးသွားရပြီးအကြည့်ချင်းတွေဆုံသွားကြမိသည်။ ချက်ချင်းအဆောင်အပေါက်ဝရှေ့ပြူတစ်ပြူတစ်တွေဖြစ်ကုန်ကြပြီး အထဲကကလေးလေးငိုသံကြားရလေ တံခါးကြီးကိုတွန်းကာဖွင့်ဝင်ချင်သည့်စိတ်တွေက ပြင်းထန်လာလေဖြစ်နေမိစဉ်မှာပဲ

.မင်းကြီး မင်းသားကိုအရိုအသေပေးပါတယ်.

ရုတ်တရက်တံခါးပွင့်လာကာ သမားတော်တစ်ယောက်ကကျနော်တို့သုံးယောက်ကိုရုတ်တရက်ကြီးမြင်လိုက်ရတာမို့ မျက်လုံးတွေပြူးကာလန့်သွားပြီးမှ အမြန်ထိုင်ချလိုက်ကာအရိုအသေပေးလာလေသည်။

.ထ ထ မြန်မြန်ထစမ်းပါ ဘာလေးမွေးလဲ ကလေးလေးရောဘယ်မှာလဲ ကောရောကျန်းမာရဲ့လား ကလေးလေးကရောဘာလေးမွေးလဲ.

အရှင့်အတွက်ဆိုရင်Nơi câu chuyện tồn tại. Hãy khám phá bây giờ