.ကြင်ယာတော်က အစားနည်းလိုက်တာကွယ်.
ကောစားတာကို ကြည့်ရင်း မယ်တော်ကအားမလိုအားမရဖြင့်ပြောလေတော့ ကောကတူလေးတွေကိုသာမွှေနှောက်နေရာကနေ အသာချထားလိုက်ရင်း
.နဂိုကထဲက အစားနည်းတာမို့ပါ.
.အင်း ဒါပေမယ့်လည်းများများစားရတယ် ကြည့်ပါဉ်ိးလူလေးက သွယ်လို့ တောင့်တောင့်ဖြောင့်ဖြောင့်လေးဖြစ်အောင် အာဟာရရှိတာတွေစားစမ်းပါ.
.မယ်တော်ကလည်း ကောအားရှိနေစရာမလိုပါဘူး ကျနော်တစ်ယောက်လုံးရှိနေတာကို ရှေ့ကနေကာကွယ်ပေးမှာပေါ့.
.အဲ့တာကိုပြောတာမဟုတ်ဘူး ဝမ်ရိပေါ်ရဲ့ကြင်ယာတော်ကသေးနေလို့ပြောနေတာ ကြည့်ဥိးလေ လက်ကလေးတွေလည်းဖြူပြီးနုနေတာပဲ တကယ့်သွေးမရှိတဲ့အတိုင်းပဲ ကျန်းမာရေးလည်းဂရုစိုက်ပါကွယ်.
.ကျနော်ဂရုစိုက်လိုက်ပါ့မယ်.
ကြားထဲကနေတစ်ခွန်းမကျန်ဝင်ပြောနေသည့်ကိုယ့်ကို မယ်တော်ကအမြင်ကပ်စွာမျက်စောင်းထိုးလာလေတော့မှ မကျေနပ်သလိုခေါင်းကိုငု့ံလိုက်ရင်း စိတ်မပါတပါစားနေမိသည်။
.အခုကထဲကဂရုစိုက်ထားစေချင်တယ် ကြင်ယာတော်ရယ်နောက်ဆို မျိုးဆက်တွေဘာတွေလွယ်ရတော့မှာမလား.
.အဟွတ် ဟွတ် ဟွတ် ဟွတ်.
မယ်တော့်စကားကြောင့် ကိုယ်ကစားလက်စတွေသီးသွားပေမယ့် ကောကတော့မျက်နှာလေးရဲနေတာကလွဲရင်ကျန်တာအားလုံးတည်တည်ငြိမ်ငြိမ်ပင်။
.လောတာတော့မဟုတ်ပေမယ့်လေ မယ်တော်တို့ကမြေးချီချင်နေပြီကြင်ယာတော်ရဲ့.
.ဟုတ်ကဲ့ပါ.
.မင်းကလည်းကွာ ကြင်ယာတော်ကိုအနေခက်အောင်မလုပ်ပါနဲ့ နောက်တစ်ခါတို့ဆီကို
မလာရဲပဲနေပါဥိးမယ်ကွ..အို မင်းကြီးကလည်း ဘာလို့မလာရဲရမှာလဲ ဒါကိုယ့်ယောက်ခမတွေနေရာပဲ စိတ်ကြိုက်ဝင်ထွက်သွားလာလို့ရတာပဲဟာ.
.ကိုယ်တော်ပြောတာ အဲ့လိုမဟုတ်ဘူးလေ.
.သိတယ် ဆက်မပြောနဲ့.
YOU ARE READING
အရှင့်အတွက်ဆိုရင်
Historical Fictionအချစ်အတွက် တရားသည်ဖြစ်စေမတရားသည်ဖြစ်စေ ကိုယ်ကတော့မင်းကိုပိုင်ဆိုင်ရမှဖြစ်မယ် ရှောင်းကျန့်