ထိုင်ခုံမှာစိတ်မပါစွာ ထိုင်နေရင်း မြှားပစ်နေသည့်ဝမ်ရိပေါ်ကိုကြည့်နေမိသည်။ တစ်နေကုန်ဘယ်ကိုသွားသွား လူကိုခေါ်သွားကာ အလုပ်ကိုလည်းသေချာမလုပ်ပဲ လှည့်ကြည့်လှည့်ကြည့်ဖြင့် မသ်ိရင်ကိုယ်က မြေလျိုးမိုးပျံပြီးပဲပျောက်သွားတော့မယ့်အတိုင်း။ အခုလည်း သူမြှားပစ်ကျင့်မယ့်ကွင်းကို ခေါ်လာပြီးလူကိုထိုင်ခိုင်းထားတာ ပျင်းလို့သေတော့မယ်။
.ကော.
ရုတ်တရက် လှမ်းအော်လိုက်သည့်သူကြောင့် ကြည့်လိုက်မိတော့သူကပြုံးပြနေရင်း ကိုယ့်အနားကိုလျှောက်လာလေတာမို့ မျက်မှောင်ကိုပိုကြုတ်ထားလိုက်မိသည်။
.ကောကကွာ ကိုယ်ပစ်တာကိုကြည့်လည်းကြည့်မနေဘူး ဟိုမှာအမှတ်တွေအများကြီးရနေတာကို.
.မကြည့်လည်းမြင်နေရတာပဲ.
.မတူဘူးလေကွာ ကြည့်မှကောရဲ့ယောကျာ်း
ဘယ်လောက်ထိချောမောခန့်ညားတယ်ဆိုတာ မြင်မှာပေါ့ကွ..အဆောင်တော်ပြန်လို့ရပြီမလား.
.နေပါဦး ကောကလည်း.
စိတ်မရှည်စွာပြောရင်း ထရပ်လိုက်တော့ ဝမ်ရိပေါ်ကကိုယ့်လက်ကိုအမြန်ဆွဲထားကာ တားမြစ်လာတာမို့ လက်ကိုအမြန်ပြန်ဆွဲယူလိုက်ရသည်။ ကိုယ့်ရဲ့ကိုယ်ကိုထိနေကိုင်နေတာကို မကြိုက်ပါဘူးဆို ဘယ်လိုဖြစ်နေရတာလဲမသိဘူး။
.လွှတ် လွှတ် မင်းစကားပြောရင် လက်မပါနဲ့.
.လာပါကောရ နည်းနည်းလောက်ပစ်ကြည့်ပါဦး.
.စိတ်မဝင်စားဘူး ဝမ်ရိပေါ်.
.အင်းပါ တစ်ခါတစ်လေအပြောင်းအလဲလေးလုပ်ကြည့်ပါကောရဲ့ လာပါ.
.ကျစ်.
သူဆွဲခေါ်ရာနောက်ပါသွားမိရင်း အလယ်လောက်ရောက်တော့ ကိုယ့်လက်ထဲ လေး ကို ထည့်ပေးလာကာ မြှားလေးလည်းတပ်ပေးပြီး ဝမ်ရိပေါ်ကနောက်မှာနေရာယူလိုက်ပြီး လေးနဲ့မြှားကိုင်ထားတဲ့ ကိုယ့်လက်တွေပေါ်သူ့လက်တွေလာအုပ်ကိုင်လေတော့ ကိုယ်ကသူ့ရင်ခွင်ထဲအလိုလိုရောက်သွားရလေသည်။ ဝမ်ရိပေါ်က ကိုယ့်ရဲ့ခါးကိုလည်းလာရောက်ကိုင်လေကာ
YOU ARE READING
အရှင့်အတွက်ဆိုရင်
Historical Fictionအချစ်အတွက် တရားသည်ဖြစ်စေမတရားသည်ဖြစ်စေ ကိုယ်ကတော့မင်းကိုပိုင်ဆိုင်ရမှဖြစ်မယ် ရှောင်းကျန့်