အရှင့်အတွက်ဆိုရင် A

21.3K 751 38
                                    

.ကျန့်ကော ကျန့်ကော ရှောင်းကျန့်ကော.

.ဘာလဲ.

.လာခဲ့.

.ဘယ်ကိုလဲ မလိုက်ဘူး လွှတ် ငါ့ကိုလွှတ်.

အဆောင်တော်ထဲ ဝုန်းဒိုင်းကြဲကာဝင်သွားလိုက်ပြီး မြတ်နို်းရတဲ့လက်သေးသေးလေးတွေကို လ်ကကောက်ဝတ်ကနေကြမ်းတမ်းစွာ ဆွဲယူကာ ခေါ်ဆောင်လေတော့ရုန်းရင်းကန်ရင်းပါလာလေတော့သည်။ နောက်ကအပြေးတစ်ပိုင်းလိုက်လာရရှာသည့် အထိန်းတော်တွေနှင့်အပျိုတော်တွေကလည်း ခေါင်းငု့ံထားရမလိုလို ပြေးဆွဲရမလိုလိုတွေဖြစ်ကုန်ကြလေတော့သည်။

.ငါ့ကို လွှတ်လို့ပြောနေတယ်နော် ဝမ်ရိပေါ် အား.

စိတ်မရှည်စွာ ကိုယ်လေးကိုရင်ခွင်ထဲဆွဲသွင်းပစ်လိုက်ပြီး လှုပ်မရအောင်ဖက်ထားပစ်လိုက်တော့ မျက်နှာလေးနီရဲကာဖြင့် ပြန်မော့ကြည့်လာလေသည်။

.ဘာဖြစ်နေတာလဲ ဝမ်ရိပေါ် ဘာလို့အဲ့လောက်ကြမ်းတမ်းနေရတာလဲ ဘာလို့ငါ့ကိုဒီလိုတွေလုပ်နေရတာလဲ.

.ဘာလို့လုပ်နေတယ်ဆိုတာ တကယ်မသိတာလား ရှောင်းက့ျန်ကော.

.ဟုတ်တယ်မသိဘူး လွှတ် အခုငါ့ကိုလွှတ်.

.မလွှတ်ဘူး မလွှတ်ပေးနိုင်ဘူး မေးတာကိုဖြေ ဘာလို့တောင်းရမ်းတာကို ငြင်းလွှတ်လိုက်တာလဲ.

.ရှင်းနေတာပဲ မင်းကိုမလိုချင်လို့ပေါ့ မင်းနဲ့လက်မဆက်ချင်လို့ငြင်းလိုက်တာ.

.မရဘူး ကိုယ်တော့်အမိန့်ကို ဘယ်သူမှလွန်ဆန်လို့မရဘူး မင်းလည်းအတူတူပဲ ငါကိုယ်တော်ကပိုင်ဆိုင်ချင်တယ်ဆို မင်းငါကိုယ်တော်နဲ့အတူတူနေပေးရမှာပဲ.

.အဲ့လိုစိတ်တိုင်းကျလာပြီးဆုံးဖြတ်ရအောင် ငါ့ဘဝကလမ်းဘေးက ဟင်းရွက်ကန်စွန်းရွက်မဟုတ်ဘူး ဝမ်ရိပေါ် အိမ်ရှေ့မင်းစားဆိုတဲ့အာဏာနဲ့လုပ်ချင်တိုင်း လုပ်လို့ရမယ်ထင်မနေနဲ့ မင်းကိူမှပြောလို့မရရင် ငါမင်းကြီးထိတက်ပြီးသွားငြင်းမယ်.

.ဘာ.

ရင်ဘတ်ကို ထုရိုက်ရုန်းကန်နေသည့်လက်သေးသေးလေးတွေက ပန်းချီအနုပညာရှင်လက်မို့သေးသွယ်ကာ ရှည်လျားနုဖတ်နေသည်။ ကိုယ်ထိကိုင်လိုက်မိသည့်နေရာတိုင်းမှာလည်းအနီကွက်လေးတွေထင်းခနဲကျန်ရစ်နေခဲ့တာကို ကြည့်ရုံဖြင့် ထိုလူသားဘယ်လောက်ထိနုဖတ်နေတယ်ဆိုတာကို သိနိုင်သည်။

အရှင့်အတွက်ဆိုရင်Donde viven las historias. Descúbrelo ahora