အဆောင်အပြင်ကို ခိုးကြောင်ခိုးဝှက်နဲ့ အရှင်မမြင်အောင် ထွက်လာခဲ့ပြီး အရှင်ရှိနိုင်မည့်နေရာတွေကို ရှောင်ကာဥယျာဉ်တော်ဘက်ကို ထွက်လာခဲ့မိသည်။ အခုထိအရှင့်ကို ပြောရမယ့်စကားလုံးတွေစီမရသေးတာမို့ ခဏလေးရှောင်နေမိသည်။ ဥယျာဉ်တော်ထဲကို ရောက်တော့မှပင်သက်ပြင်းကိုချကာ ဘေးမှာတွေ့သည့်သစ်ကိုင်းခြောက်လေးတစ်ကိုင်းကို ကောက်ကိုင်လိုက်ပြီး ဟိုသည်ယမ်းကာ လမ်းလျှောက်လာမိသည်။ ဒီတိုင်းပြည်ကအနုပညာကို အလေးအနက်ထားသည့်နေရာမှာနာမည်ကြီးတာလည်းမပြောနှင့်။ ဥယျာဉ်လေး ထဲက သစ်ပင်တွေကိုတောင် အလှဆင်ကာပုံလေးတွေဖော်ထားခဲ့တာ။ နေရာတကာမှာလည်းအနုစိတ်လက်ရာများဖြင့် ပြည့်နှက်နေကာလှပလွန်းလှသည်။ လှပလွန်းကာ
ပန်းန့ံလေးတွေ လတ်ဆတ်လွန်းလှသည့်သစ်သီးန့ံလေးတွေကိုရှုရှိုက်နေရင်း လမ်းလျှောက်နေမိစဉ်.ဟင်.
ကြီးမားလှသည့် ချယ်ရီပင်ကြီးနှစ်ပင်ကြားမှာ နမ်းနေကြသည့်လူနှစ်ဦးကြောင့် နောက်ကိုအမြန်ဆုတ်ကာထောင့်ကွယ်လေးမှာ ပြန်ရပ်လိုက်မိသည်။ ရှေ့ဆက်သွားရမလား နောက်ပြန်ဆုတ်ရမလားတွေးနေမိရင်း ဘာဆက်လုပ်ရမှန်းမသိဖြစ်နေရာကနေ နောက်တစ်ခါချောင်းကြည့်မိတော့မှ
.ဒါ ဒါက....
အမြင်ပင်မှားနေသလားဆိုပြီး ကြည့်လိုက်မိပေမယ့် အမြင်မှားတာမဟုတ်ပဲ။ တကယ်ပင် အရှင့်ရဲ့သူငယ်ချင်းဆိုသူနှင့် အပျိုတော်တစ်ယောက်ကဖက်ကာနမ်းရှိုက်နေကြခြင်းဖြစ်လေသည်။ မျက်လုံးတွေပြူးကာ ထိုမြင်ကွင်းကို ငေးကြည့်နေတုန်း မှာပင်
.ရှောင်းမီနဲ့ အပျိုတော်ဖာက ချစ်သူတွေလေ.
.အရှင်.
.လာ.
နောက်ကနေအရှင်ရောက်လာတာမို့ ခိုးကြည့်နေမိသည့်ကိုယ်က မလုံမလဲဖြင့်ဟိုကုတ်သည်ကုတ်ဖြစ်နေပေမယ့် အရှင်လက်ကိုဆွဲကာခေါ်သွားတာမို့ ပါသွားမိလေသည်။ အရှင်ကတော်တော်ဝေးဝေးနေရာရောက်တော့မှ လက်ကလေးကိုလွှတ်ပေးလာကာ
.သူတို့နှစ်ယောက်ချစ်လာကြတာ နှစ်တွေအတော်ကြာနေပြီ မင်းကြီးလည်းသိထားတယ် လွယ်လွယ်နဲ့လက်ခံခဲ့တာမဟုတ်ဘူး အခက်အခဲတွေအများကြီးကျော်ဖြတ်ခဲ့ကြရတာ သူတို့နှစ်ယောက်အချစ်က စစ်မှန်တော့အခုလိုအဆင်ပြေသွားကြတာလေ ကော.
ESTÁS LEYENDO
အရှင့်အတွက်ဆိုရင်
Ficción históricaအချစ်အတွက် တရားသည်ဖြစ်စေမတရားသည်ဖြစ်စေ ကိုယ်ကတော့မင်းကိုပိုင်ဆိုင်ရမှဖြစ်မယ် ရှောင်းကျန့်